12.

162 17 0
                                    

[Unicode]

ငါးရနံ့တွေက ခပ်ဖျော့ဖျော့ပျံ့လွင့်လာတာကြောင့် လီယန်ပင်ဗိုက်ဆာလာခဲ့သည်။ သူကပုဆိန်ကိုအောက်ချလိုက်ပြီးနောက် သူ့ညီငယ်နောက်ကနေ မီးဖိုချောင်ထဲလိုက်သွား၏။

အဲ့ဒီနားမှာ လီမော့ရှန်လည်းရှိနေပြီး သူကသူ့လက်ထဲကလုပ်လက်စကို ပစ်ချလိုက်ပြီးနောကိ ချက်ချင်းထရပ်ကာ မီးဖိုချောင်ဆီလျှောက်သွားသည်။ မြေကြီးပေါ်မှာခွေခေါက်ပြီးလှဲနေတဲ့ တာ့ဟေးက ချက်ချင်းမျက်လုံးဖွင့်လာပြီး သူ့နောက်ကနေလိုက်ဖို့ စိတ်အားထက်သန်နေခဲ့သည်။

" ဒီမှာနေခဲ့! "

လီမန့်ရဲ့ကြောက်ရွံ့နေတဲ့အကြည့်တွေကိုသတိရမိသွားတော့ လီမော့က တွန့်ဆုတ်ခြင်းမရှိဘဲ တာ့ဟေးကို ခြံဝင်းထဲမှာပဲနေခဲ့ဖို့ပြောလိုက်သည်။
* အမဲလိုက်တိုင်း အမြဲပါတဲ့ ပါတနာလေးဆိုပေမဲ့ အသစ်ရထားတဲ့မိန်းမလောက်တော့ဘယ်အရေးပါပါ့မလဲကွယ် xD

---

မီးဖိုချောင်ထဲမှာတော့ လီမန်က ဖျစ်ညှစ်ပြီးတိုးဝင်လာတဲ့လူသုံးယောက်ကို လျစ်လျူရှူဖို့ကြိုးစားလိုက်သည်။

မီးအေး​အေးနဲ့ပြုတ်ထားတဲ့ ငါးပြုတ်က ပန်းကန်လုံးအကြီးကြီးထဲထည့်ထားပြီး စားလို့ကောင်းရုံသာရှိသည်။

လီယန်က ဝင်လာကာ ပြုံးပြလိုက်ပြီး သူမလက်ထဲက ပန်းကန်ကို လှမ်းယူလိုက်သည်။ သူ့အပြုံးကအလွန်ပင်ချိုချိုသာသာရှိလှ၏။

" ကိုယ်ဝင်လာပြီ! အပူမလောင်စေနဲ့! "

လီရှူကလည်း ဝင်လာပြီး
" ရပြီလား! ကျွန်တော်လည်းဝင်လာပြီ "

လီယန်က သူ့တတိယညီကို ခြေဖြင့်ကန်လိုက်ပြီး

" သွားစမ်းပါ! အရှေ့ဘက်အိမ်ထဲက စားပွဲကိုရွှေ့ခဲ့! "

" အား! "

လီရှူက လီမန်ရဲ့အပြုံးကိုကြည့်လို့မရအောင် အိုးကိုသယ်ကာ ဟိုယိမ်းဒီယိမ်းလုပ်နေတဲ့ ရှောင်ပန်ကိုအော်ပစ်လိုက်သည်။ *လီယန်ကိုပြောတာထင်တယ် သူက xiao pan လို့ရေးထားတာ နာမည်ကိုဘယ်လိုတွေထပ်သုံးသေးလဲမသိဘူး မျက်စိကိုလည်လို့

ကံကောင်းသော ဇနီးသည်On viuen les histories. Descobreix ara