8.Laundry

169 21 1
                                    

[Unicode]

လီမန်က သစ်ကိုင်းတစ်ကိုင်းကိုချိုးလိုက်ပြီး သဲပေါ်မှာစာကြောင်းတစ်ကြောင်းကိုရေးပြလိုက်ကာ မေးလိုက်၏။
" အစ်မနာမည်က လီမန်၊ မင်းနာမည်ကကော? "

ရှောင်းဝူဇီ၏မျက်လုံးများသည် ကန်းတော့မတတ် မြတ်နိုးမှုများဖြင့်ပြည့်နေပြီး
" အမစာရေးတတ်တယ်! "

" နားလည်လား? "

လီမန်က ကောင်လေးရဲ့လက်ထဲကို သစ်ကိုင်းထည့်ပေးလိုက်ပြီး မြေကြီးပေါ်က သူမရေးထားသည့်စကားလုံးကို ညွှန်ပြလိုက်သည်။

ရှောင်းဝူဇီကသူမပြောချင်တာကိုနားလည်ပေမဲ့ စကားလုံးတွေကိုတော့ မှတ်လည်းမမှတ်နိုင်သလို ရေးလည်းမရေးနိုင်ပေ။

မိသားစုထဲမှာ စတုတ္ထအကိုကသာလျှင် စာအဖတ်ဆုံးနဲ့ သြဇာအရှိဆုံးဖြစ်သည်။ ကျန်တဲ့ညီအကိုသုံးယောက်လုံးက သူ့လောက်ပင်မတော်ပါချေ။ အကြီးဆုံးအကိုနဲ့ တတိယအကိုက သူတို့နာမည်တွေကိုရေးနိုင်ပြီး ဒုတိယအကိုကတော့ စာအုပ်တွေကိုလည်း မှတ်သားနိုင်တဲ့လူဖြစ်သည်။

" မရဘူးလား? "

သူ့ရဲ့ခါးသီးလှတဲ့ မျက်နှာကိုမြင်​တော့ လီမန့်မှာသက်ပြင်းအရှည်ကြီးပင်ချမိတော့သည်။

ရှောင်းဝူဇီလည်း ဒီအချိန်မှာအနည်းငယ်စိတ်ဓာတ်ကျမိသည်။ သူစာမဖတ်တတ်တာကြောင့် အစ်မကသူ့ကိုမကြိုက်တော့လား?

အစ်မကသာသူ့ကိုမလိုချင်တော့ဘူးဆိုရင် နောက်တစ်ခေါက်ထပ်ထွက်ပြေးအုံးမှာလား?

သူက လီမန်ရဲ့လက်ကိုဂရုတစိုက်နဲ့ ကိုင်လိုက်ပြီး ရူးနှမ်းနှမ်းပြုံးပြလိုက်၏။ သူကသူ့အပြုံးကို ယုံကြည်မှုအပြည့်ရှိခဲ့သည်။ အချိန်တိုင်း သူတစ်ခုခုအမှားလုပ်မိတိုင်းမှာ သူဒီလိုပြုံးပြလိုက်သည်နှင့် သူ့မိသားကသူ့ကိုခွင့်လွှတ်လိုက်တာပဲဖြစ်သည်။

* ပေါက်ကရတွေလုပ်ပြီးရင် အငယ်ဆုံးလေးက သူ့အကိုတွေကိုဖားဖို့ ရူးနှမ်းနှမ်းလေးပြုံးပြလိုက်တာနေမယ် (⁠≧⁠▽⁠≦⁠)

သေချာတာပေါ့။ လီမန်ကလည်း ကောင်လေးရဲ့အတွေးကိုသတိထားမိပြီး သူ့ခေါင်းသေးသေးလေးကိုထိလိုက်ကာ အားပေးလိုက်သည်။

ကံကောင်းသော ဇနီးသည်Where stories live. Discover now