10.

177 21 1
                                    

[Unicode]

အမျိုးသားသည် အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး အရပ်ရှည်ကာသန်မာသည်။ ခဲရောင်နဲ့ မီးခိုးရောင်သမ်းတဲ့ အကြမ်းထည်အဝတ်ကိုဝတ်ထားကာ လက်စနှင့်ဘောင်းဘီအနားစတွေကို လိပ်တင်ထားပြီး ကြေးနီရောင်သမ်းသည့် အသားအရည်ကိုလည်းဖော်ပြထားသည်။

​ဖြောင့်တန်းတဲ့မျက်ခုံးတန်းများ၊ ရှင်းလင်းတဲ့မျက်နှာသွင်ပြင်၊ ရေသေလိုမျက်ဝန်းများနှင့် ပိရိသေသပ်သောနှုတ်ခမ်းများက အလွန်အရည်အချင်းရှိပုံပေါ်သည်။

လီမန်က ထိုလူ့ကို မနေ့ညကသူမကိုခေါ်လာပေးတဲ့ လူမှန်းသတိရသွားပြီး ထိုလူကသူမရဲ့ကယ်တင်ရှင်ပေ။

သူမကနှုတ်ခမ်းတွေကိုမသေမသပ်ဖြင့် ဖွင့်ဟလိုက်ပြီး သူ့ကို ပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်သည်။

သူကပြန်နှုတ်ဆက်နေရင်းက​နေ ဘယ်သူသိမှာလဲ ခွေးကြီးတစ်ကောင်က မီးဖိုချောင်ထဲ ပြေးဝင်လာမယ်လို့။ ပြီးတော့သူ့ပါးစပ်ကနေ တောရိုင်းကောင်ကိုကိုက်ချီထားသေးသည်။

လီမန်ကကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်ရင်း အိုးရဲ့နောက်မှာ ပုန်းနေလိုက်၏။

လီမော့က အမြန်ပဲဝင်လာပြီး ဒေါသတကြီးဖြင့် ခွေးကြီးရဲ့နားရွက်တွေကိုဆွဲလိုက်ကာ

" တာ့ဟေး ထွက်သွား! "

တာ့ဟေးက သူအမဲလိုက်သွားတဲ့အခါတိုင်း လိုက်လာတတ်တဲ့ သူ့အဖော်ဖြစ်သည်။ သားကောင်ကိုအမဲလိုက်တဲ့အခါ အရမ်းကြမ်းတမ်းပေမဲ့ မိသားစုထဲမှာတော့ အလွန်သိမ်မွေ့စွာ နာခံလေသည်။

မိသားစုထဲမှာမိန်းမတစ်ယောက်ရှိနေပြီဖြစ်တာကြောင့် သူမကျေနပ်စေဖို့အတွက် တောရိုင်းငှက်ကိုပေးချင်ခဲ့တာဖြစ်သည်။ ဘယ်သူသိမှာလဲ အဲ့လောက်ကြီးကြောက်သွားလိမ့်မယ်လို့။ လီမန်က အသည်းငယ်တဲ့မိန်းမဖြစ်ပေလိမ့်မည်။

" အစ်မ အဆင်ပြေရဲ့လား? " လီရှောင်းဝူက လီမန့်ကိုဘေးကဖက်လိုက်ရင်း စိုးရိမ်တကြီးမေးလိုက်သည်။

လီမန်က သူမရင်ဘတ်ကိုပုတ်လိုက်ကာ ခေါင်းယမ်းပြလိုက်ရင်း သူမအဆင်ပြေပြောင်းပြလိုက်၏။

ကံကောင်းသော ဇနီးသည်Where stories live. Discover now