9.

162 21 1
                                    

[Unicode]

လီမန်သည် ကောလိပ်ကျောင်းတက်တုန်းက နေ့ရက်များကို သတိရသွားပြီး အဲ့တာက ယောက်ျားလေးအိပ်ဆောင်ထဲ တစ်ခါဝင်သွားကြည့်တာနဲ့ မြင်ရမယ့်ပုံစံမျိုးပင်။ ဒီမိသားစုမှာ မိန်းမတွေတစ်ယောက်မှကိုမရှိတာဖြစ်၏။

အဲ့လိုသာဆို သူမကတကယ် ဘယ်သူတုန်း။ သူမတကယ်ပဲဒီမိသားစုကဟုတ်ပုံမရပေ။

လီရှောင်းဝူက အနည်းငယ်ရှက်ရွံ့နေခဲ့သည်။ ပုံမှန်ဆိုရင် ဒီအလုပ်တွေနှစ်ခုလုံးက ဒုတိယအကိုလုပ်ရတာတွေဖြစ်သည်။ ဒါပေမဲ့ဒီနေ့မှာတော့ ရွာထဲကကန်မှာငါးဖမ်းဖို့ စာရင်းပေးသွင်းထားတာမို့ ဒါတွေလုပ်ဖို့သူ့မှာအချိန်မရှိပေ။

လီမန်ကသိပ်စဥ်းစားမနေဘဲ ​ခြေဖျားဆန့်ထောက်လိုက်ကာ ဘေးနံရံက ပြတင်းပေါက်ကိုဖွင့်လိုက်သည်။ ဒါမှသာ လေကောင်းလေသန့်တွေဝင်လာပြီး အနံ့ဆိုးတွေပျောက်သွားမှာဖြစ်၏။ ထို့နောက်သူက လျှော်ရမယ့်အဝတ်တချို့ကို ကောက်ယူလိုက်တော့သည်။

" အစ်မ! ကျွန်တော်လျှော်လိုက်ပါ့မယ် "

လီရှောင်းဝူက ရေဇလုံကို ခြံဝင်းထဲယူသွားရင်း ရေတွင်းထဲကရေကိုဆွဲရင်းအလုပ်များနေခဲ့သည်။

သူ့ရဲ့ခန္ဓာကိုယ်သေးသေးလေးနဲ့ ပင်ပန်းနေတဲ့အကြည့်တွေကိုကြည့်ပါအုံး။
လီမန်ကပြုံးလိုက်ပြီး သူ့ကိုဘေးဖယ်ခိုင်းကာ သူမကိုယ်တိုင်လုပ်ဖို့လာလိုက်သည်။

လီမန်က လူကောင်သိပ်သေးတာလည်းမဟုတ်ပေ။ ဒါကသူမရဲ့ပထမဦးဆုံးအကြိမ် ရေဆွဲရတာဖြစ်ပေမဲ့ ကျွမ်းကျင်မှုအနည်းငယ်တော့ရှိဆဲပင်။ ခဏအကြာမှာတော့ အင်တုံထဲမှာ ရေပြည့်သွားပြီးဖြစ်၏။

ဒီခေတ်မှာ အဝတ်လျှော်ဆပ်ပြာဆိုတာမျိုးမရှိပေ။ ဒါကြောင့်လီမန်က ရွာရဲ့ထုံးစံအတိုင်း လျှော်ဖို့လိုသည်။ အဝတ်လျှော်ဖို့အတွက် ပြာတချို့နဲ့ သစ်သားပြာတချို့ကိုသုံးရပေမည်။

ကံကောင်းထောက်မစွာဖြင့် အကြိမ်ရေတချို့လောက် သေချာလျှော်ပြီးတဲ့နောက်မှာ အဝတ်တွေက ကြည့်ရတာ ပိုကောင်းလာသည်။ ဟောင်းနွမ်းနေဆဲဆိုပေမဲ့ သန့်ရှင်း၏။ အခြောက်ခံဖို့အတွက် နေရောင်မှာလှမ်းဖို့သာလိုတော့လေသည်။

ကံကောင်းသော ဇနီးသည်Where stories live. Discover now