2.Save people

253 21 0
                                    

[Unicode]

ညနေခင်းမှာတိုက်ခတ်လာတဲ့ တောင်လေသည် တစ်ကိုယ်လုံးကိုအေးမြသွားစေလောက်တဲ့အထိတိုက်ခတ်လာသည်။ လီမန့်တစ်ကိုယ်လုံးတုန်တုန်ယင်ယင်ဖြင့် ဘာစကားမှာမပြောနိုင်လောက်အောင်ချမ်းစိမ့်သွားရ၏။

ရွာလူကြီးကသစ်ပင်ကြီးအောက်မှာထိုင်နေပြီး အဝေးကနေနှေးကွေးစွာလာနေတဲ့ လီမိသားစုကိုတွေ့လိုက်သည်။ လီမန့်ကိုကြိုးပေးဖို့ အော်ဟစ်နေတဲ့လူအုပ်ကြီးရဲ့အသံကလည်း ကျယ်ပြီးရင်းကျယ်လာသည်။

ထိုလူကဆေးလိပ်နှစ်လိပ်သောက်ပြီးနောက် ထလိုက်ပြီး နောက်စကားတစ်ခွန်းကိုပြောလိုက်သည်။

" ဝူစန်းလူအိုကြီးပြောသလိုပဲ ​ကြိုးပေးလိုက်တော့ "

"မင်းသေသွားတဲ့အခါကျ မင်းကိုသင်္ဂြိုဟ်ဖို့ တောင်ကုန်းပေါ်ကိုပြန်ပို့ပေးမယ် "
သူကအမျိုးသမီးကို နတ်ဆိုးဝိဉာဥ်ကိုကြည့်သလို စိုက်ကြည့်နေခဲ့၏။

အဲ့အချိန် ဝူစန်းက ကအမျိုးသမီးကိုဆွဲခေါ်သွားဖို့ကြိုးစားကြည့်လိုက်သည်။ သူ့စမ်းသပ်မှုက gas ကုန်နေသလိုမျိုးနှင့်တူ၏။ လေပြေလေးတိုက်သွားသည့်နှယ်ဖြင့် လူတွေကနားမလည်နိုင်ခဲ့ပါချေ။ ( TN / ဆွဲနေပေမဲ့ အားမထုတ်တာကိုပြောတာ )

" အမ် "
ဝူစန်းကျန်းက သူ့ခါးပေါ်ရှိ လျှော်ကြိုးကိုဆွဲထုတ်လိုက်ကာ လီမန့်ဆီသို့သာလျှောက်သွားတော့သည်။

" ရှင်ဘာလုပ်နေတာလဲ! "

လီမန့်တစ်ကိုယ်လုံးပေါ်ရှိ အမွှေးအမျှင်တွေထောင်သွားသလိုပင်ခံစားလိုက်ရသည်။ ဒီလူရဲ့မျက်လုံးတွေကညစ်ပတ်ပြီးကြမ်းတမ်းသည်။ လူကောင်းဟုတ်ပုံမရပါချေ။

ဝူစန်းက သူမစကားတွေကိုနားမလည်ပေမဲ့ သူမရဲ့အပြုအမူတွေကနေတော့ နားလည်နေသယောင်ရှိသည်။
သူကတော့ ဒီအလှလေးက ပိုပြီးးကြောက်လေဆွဲဆောင်မှုရှိလေဟု တွေးနေမိတာဖြစ်သည်။
ကြိုးပေးရမှာ အနည်းငယ်တော့သနားစရာကောင်းနေခဲ့၏။
ဒါပေမဲ့လည်း သူ အဲ့...... အလုပ်ကိုလုပ်နိုင်မယ်ဆိုပါက သူမသေပါစေလေ။ (TN/ E trans မှာကိုကအဲ့လိုကြီးပါနော် shitty word ဖြစ်မယ်ထင်ပါတယ်)
ဘယ်သူမှမရှိလောက်တော့တဲ့အခါကျမှ သူမကို​ပြန်လာကယ်ပါတော့မယ် အဲ့ခါကျရင်တော့ သူမကသူ့အပိုင်ဖြစ်နေမှာပဲ။

ကံကောင်းသော ဇနီးသည်Where stories live. Discover now