14.

177 19 0
                                    

[Unicode]

" စတုတ္ထအကို! "

လီ​ရှောင်းဝူက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကာ လက်မောင်းတွေကိုဖွင့်ပြီး သူ့အကိုဆီသို့ ငှက်လေးတစ်ကောင်လို ပြေးဝင်သွားတော့၏။

လီမန်က အံ့သြတကြီးဖြင့် လှည့်ကြည့်လိုက်လျှင် ၁၆နှစ်အရွယ် ကောင်လေးတစ်ယောက်ကိုမြင်လိုက်ရလေသည်။ ကောင်လေးရဲ့ လက်တွေက ​ရှောင်းဝူရဲ့ခေါင်းကိုဖွဖွလေးပွတ်သတ်ပေးနေပြီး သိမ်သိမ်မွေ့မွေ့လေးပြုံးနေခဲ့၏။

" ​ရှောင်းဝူက(ငါးလေးက) အရပ်ပိုရှည်လာတာပဲကွ "

* little five လို့ သုံးထားတာ တကယ်တော့ နံပါတ်ငါးလေးလို့ပြန်ချင်တာရယ်၊ ရှောင်းဝူကလည်းသူ့နာမည်ပါပဲနော် အဲ့တာကိုချစ်စနိုးနဲ့ little five လို့ခေါ်သေးတာကို တျုတ်လိုကျ ​ရှောင်းဝူကရှောင်းဝူပဲထင်ပါတယ် TvT *

သူကအရပ်ရှည်ရှည်၊ ချောမောတဲ့မျက်နှာနဲ့ အနည်းငယ်ဟောင်းနွမ်းချင်နေတဲ့ နက်ပြာရောင် ဝတ်စုံကို ဝတ်ထားသည်။ သူ့အဝတ်အစားတွေက တချို့နေရာတွေမှာ အနည်းငယ်ဖြူလျော်ချင်နေပေမဲ့လည်း သန့်ရှင်းကာသပ်သပ်ရပ်ရပ်ရှိသည်။ သူ့ပခုံးပေါ်မှာတော့ မီးခိုးရောင် လွယ်အိတ်တစ်လုံးရှိနေ၏။

လီရှောင်းဝူက သူ့အကိုရဲ့ အိတ်ကို ယူကာ လွယ်လိုက်ပြီးနောက် သူ့ခြေချောင်းလေးတွေကို အချင်းချင်းပွတ်သပ်လိုက်ပြီး စတုတ္ထအကိုရဲ့နားနားကပ်ကာ တစ်စုံတစ်ခုကိုတိုးတိုးလေးပြောလိုက်၏။

လီမန့်ရဲ့အမြင်တွင် လီက သူ့ခေါင်းကိုငုံ့ကိုင်းပေးထားပြီး ပြုံးနေတာဖြစ်၏။
ပြီးတော့သူက သူ့ညီငယ်လေးရဲ့လက်ကိုဆွဲကာ သူမဆီကိုလှမ်းလာ၏။

လီမန်က ရုတ်တရက်ကြီး စိတ်လှုပ်ရှားလာသည်။ ဒီကောင်လေးကဘယ်သူလဲ?

" ဝူလေးကမင်းအကြောင်းပြောပါတယ်၊ မင်းကိုပင်ပန်းစေမိပြီ "

ချင်မင်းဆက်ရဲ့ သစ်လွင်ကာ သန့်စင်တဲ့လေသံကတော့ ပြောင်းလဲသွားပုံမရပေ။ (*ဒီနားမှာက ချင်မင်းဆက်တည်ထောင်ပြီး အစောပိုင်းမှာပြောကြတဲ့ တရုတ်စကားပြောလေသံကိုပြောချင်တာပါ )

ကံကောင်းသော ဇနီးသည်Where stories live. Discover now