13.

157 16 0
                                    

[Unicode]

လီမန်က အနောက်ဖက်အိမ်ကိုပြန်လာခဲ့သည်။ သူမတစ်ရေးတစ်မောလောက်အိပ်ချင်ပေမဲ့ စောင်တွေက ထုတ်လှန်းထားတုန်းဖြစ်သည်။

အိုး ဟုတ်သားပဲ အိမ်မှာအပ်ချုပ်ပစ္စည်းတွေရှိမလားမသိဘူး?

ထားလိုက်ပါတော့။ အကြီးတွေအကုန် အပြင်ထွက်သွားတဲ့ထိစောင့်ပြီးမှ အငယ်လေးကို မေးလိုက်ပါတော့မယ်။

လီမန်က ခြံဝင်းထဲမှာမလှုပ်ရှားဝံ့တာ​ကြောင့် ဘာမှထပ်မလုပ်တော့ဘဲ သူမတစ်နေရာစာနေရာလေးမှာသာ ထိုင်နေလိုက်တော့သည်။

-----

လီရှောင်းဝူက လီမန့်ကို အနောက်ဖက်အိမ်မှာထားခဲ့လိုက်ပြီးနောက် မီးဖိုချောင်ထဲကို ပြန်လာသည်။

သူပြန်ရောက်တော့ လီရှုကသူ့ခေါင်းကိုပုတ်လိုက်ရင်း သူ့ကိုရှေ့တည့်တည့်သို့ဆွဲခေါ်လိုက်သည်။

" သူမဘာလုပ်နေလဲ? "

" ထိုင်နေတယ် " လီရှောင်းဝူက သူ့ခေါင်းကိုငုံ့ချလိုက်ပြီးနောက် ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေလိုက်သည်။

" ထိုင်နေတာ? " လီရှူကအံ့သြတကြီးဖြင့်

" သူကမင်းကိုဘာမှမပြောဘူးလား? "

ဥပမာပြောရရင် သူ့ညီအကိုတွေအကြောင်းကို တိတ်တိတ်လေးမေးပြီး မိသားစုထဲကဘယ်သူကအကောင်းဆုံးဖြစ်မလဲဆိုပြီး တွေးနေတာမျိုးပေါ့။

လီရှောင်းဝူက ခေါင်းခါပြလိုက်သည်။ သူထွက်လာတဲ့အချိန်တုန်းက လီမန်က အိမ်ထဲမှာထိုင်နေတာဖြစ်၏။

" ဒါဆို မင်းတိတ်တိတ်လေးသွားကြည့်လိုက် " လီရှုက သူ့ညီငယ်လေးကိုပြောလိုက်သည်။

" တတိယညီ! " လီမိုက လီရှူ့ကို မျက်မှောင်ကြုတ်ကာကြည့်လိုက်သည်။

" ရှောင်းဝူကို ဘယ်တော့မှဒီလိုဟာတွေမခိုင်းနဲ့! အိမ်ထဲကအမျိုးသမီးကိုကော၊ ဘာမှမေးစရာအကြောင်းမရှိဘူး! "

" အကိုကြီး! သူကလည်း ကျွန်တော့်မိန်းမပဲ! "
လီရှူကသိပ်မကျေနပ်ပေ။

လီမိုက တာ့ဟေးရဲ့ခေါင်းကို ပွတ်ကာခေါ်လိုက်ပြီး ကျန်နေတဲ့ငါးရိုးတွေကိုကျွေးလိုက်၏။

ကံကောင်းသော ဇနီးသည်Where stories live. Discover now