အမေ့ဆီကအသံတစ်ခု

9 2 0
                                    

Unicode

[ ဆရာလီဆီကနေတဆင့် လာတဲ့စာလေးပါ ]

( Raw Full Transltion )

"အမေ့ဆီက အသံတစ်ခု"

အားလုံးမင်္ဂလာပါ! ကျွန်မက မင်းသား Zhang Zhehan ရဲ့ မိခင် Zhang Ha ဖြစ်ပြီး ၃၆ နှစ်တာရှိတဲ့ ပါတီဝင်ပါ။ 2018 ခုနှစ် မတ်လက ဂျပန်နိုင်ငံကို ခရီးထွက်ရင်း ရိုက်ကူးခဲ့တဲ့ ချယ်ရီပန်းဓာတ်ပုံတွေကြောင့် ကျွန်မသားဟာ ဒီနှစ် သြဂုတ်လ 13 ရက်နေ့နောက်ပိုင်း သမိုင်းမှာ အပြင်းထန်ဆုံး အွန်လိုင်း အကြမ်းဖက်မှုကို ခံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ကတဆင့် သားနဲ့ကျွန်မကို သက်ရောက်စေတဲ့ အကျိုးသက်ရောက်မှုတွေအကြောင်း ပြောပြချင်ပါတယ်။

ဩဂုတ် 13ရက်နေ့ထိ ကျွန်မသားက ရှန်ဟိုင်းမှာ အလုပ်လုပ်နေတုန်းပဲ အဲ့မတိုင်ခင်တည်းက သူ့ဆီ အမျိုးမျိုး blackmail တွေပို့ပြီး ပုံစံမျိုးစုံနဲ့ တိုက်ခိုက်တာမျိုးတွေရှိတယ် ဒါပေမဲ့ Aug 13ရက်နေ့ကတော့ အထွပ်အထိပ်ပေါ့ သူ့ကို သူလျှို သစ္စာဖောက်ဆိုပြီးမျိုးစုံစွပ်စွဲတယ် အင်တာနက်အမြင်အောက်မှာ networkတခုလုံး သုံးရက်အတွင်းပိတ်ခံလိုက်ရတယ်

Baiduမှတ်တမ်းဘက်မှာလည်း သမိုင်းကိုပြောင်းထားပြီး မှတ်တမ်းအတုတွေလုပ်တယ် အတန်းဝင်စာမေးပွဲမှာကော major social platformတွေမှာပါ သူ့နာမည်အပိတ်ခံရတယ် နှစ်ပေါင်းများစွာ ကြိုးစားလုပ်ဆောင်ခဲ့တဲ့ အိပ်မက်‌တွေနဲ့ အောင်မြင်မှုတွေက ပျောက်ကွယ်သွားရုံမကဘဲ ကွန်ရက်တစ်ခုလုံးမှာ တစ်ဖက်သတ်အမှောင်ချခံထားရတယ် ။

ပါတီကိုချစ်တဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ ပက်သတ်တာတွေမရှိတော့ဘူး။ သူရဲ့အလုပ်‌တွေလည်း ဖယ်ရှားခံခဲ့ရတယ် ကျွန်မသားက Yasukuni နတ်ကွန်းကို မ၀င်ခဲ့ဘူး၊ နတ်ကွန်းကို ဝတ်မပြုခဲ့ဘူး၊ အင်တာနက်အချက်အလက်တွေက လွဲမှားနေတယ်၊ သူကိုယ်တိုင်ကလည်း ​​အဖွဲ့အစည်းရဲ့ စုံစမ်းစစ်ဆေးမှုကို လက်ခံဖို့ ဆန္ဒရှိတယ်။ လူတစ်ယောက်ရဲ့ စရိုက်ကို ဓါတ်ပုံအနည်းငယ်ပေါ်အခြေခံပြီး ဆုံးဖြတ်နိုင်တယ်လို့ မထင်ဘူး သူ့မှာ မျိုးချစ်စိတ်ရှိတဲ့ တိုင်းပြည်ကိုဂုဏ်ပြုတဲ့ ဓာတ်ပုံတွေ societyအတွက် public welfareလုပ်တာ‌ေတွ အများကြီး ကျန်နေသေးတယ်၊ အဲ့ဒါကမှ သူ့ရဲ့ အပြုသဘောဆောင်တဲ့ စွမ်းအား၊ သူ့ရဲ့ မျိုးချစ်စိတ်တွေကို သက်သေပြနိုင်တာ မဟုတ်ဘူးလား

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများWhere stories live. Discover now