ကျန်းမားမားပြောတဲ့ Kola လေး အကြောင်း

7 2 0
                                    

Unicode

ကျန်းမားမားပြောတဲ့ Kola လေး အကြောင်း

အခုဆိုရင် Kola လေးက ကျွန်မအတွက်တင်မဟုတ်တော့ပါဘူး။  ဒီအကောင်ငယ်လေးကို ဂရုစိုက်တဲ့သူတွေက အများကြီးရှိလာပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုလေးတွေ၊ အပြောင်းအလဲလေးတွေ ဒါမှမဟုတ် သူ့ဘဝရဲ့အသေးစိတ်အချက်လေးတွေကအစ သူငယ်ချင်းတော်တော်များများရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပါတယ်။ Kola မှာလည်း သူငယ်ချင်းတွေ အများကြီးရှိနေပါတယ်။ အဲဒါကြောင့် သူ့ကိုစောင့်ရှောက်ရတာက ကျွန်မတစ်ယောက်ထဲအတွက် မဟုတ်တော့ပါဘူး။ ကျွန်မကသူ့ကို ဂရုစိုက်ချစ်ခင်တာက သူ့သူငယ်ချင်းတွေကိုလည်း စိတ်သက်သာရာရစေပါတယ်။ 

တကယ်တော့ Kola ကိုချစ်ပေးရတာကို ကျွန်မရဲ့ စိတ်ခံစားမှုနဲ့ ကျွန်မဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုထဲကို ထည့်သွင်းထားပါတယ်။ Kola က နားလည်လား နားမလည်လား မသိပေမယ့် ကျွန်မသူ့ကိုစကားတွေပြောချင်တယ်။ ကျွန်မသူ့ကိုပွေ့ဖက်ပြီး ချစ်တာကို ဖော်ပြချင်တယ်။ Kola ကြောင့် ကျွန်မဘဝက ပျော်စရာများစွာရှိလာပြီး သူက ကျွန်မဘဝရဲ့ အရေးပါတဲ့အစိတ်အပိုင်း ဖြစ်လာခဲ့ပါတယ်။ 

Kola ရေ~ ကမ္ဘာကြီးက အရမ်းကြီးမားကျယ်ပြန့်ပါတယ်။ မင်းက အရမ်းသေးငယ်တဲ့ အစိတ်အပိုင်းလေးဖြစ်ပါတယ်။ ဒါပေမယ့် မင်းကို ချစ်မြတ်နိုးတဲ့ လူတွေရဲ့ ရင်ထဲမှာတော့ မင်းက အရအရမ်းအရေးပါနေတယ်။  မင်းနေကောင်းရမယ်၊ မင်းက ကောင်းတဲ့ဘဝမှာ နေ့တိုင်း ပျော်ပျော်ရွှင်ရွှင်နေရမယ်၊ ငါတို့အားလုံး မင်းကို အရမ်းချစ်တယ်။ 

ဤကမ္ဘာလောကြီးထဲမှာ တွယ်တာစရာဆိုတာ တစ်ခုခုရှိနေမှသာ ဘဝဆိုတာက အဓိပ္ပာယ်ရှိပါလိမ့်မယ်။  ကျွန်မဘဝမှာ ကျွန်မသားကလွဲရင် တခြားဘာမှ တွယ်တာစရာမရှိတော့ပါဘူး။  ကျွန်မအမေဆုံးသွားပြီးနောက်ပိုင်းမှာ ကျွန်မတို့မှာ ပြန်စရာအိမ်မရှိတော့ဘူး၊ ကျွန်မတို့ဘယ်သွားသွား အိမ်ပြန်လာချင်စရာ မျှော်လင့်ချက်မရှိတော့ဘူး၊ ကျွန်မတို့အတွက် ဖွင့်ပေးထားတဲ့ တံခါးမရှိသလို ကျွန်မတို့အတွက် အလင်းပေးမယ့် မီးရောင်လည်းမရှိ တော့ပါဘူး။  ဒါပေမယ့် အခုတော့ Kola လေးက ကျွန်မအတွက်တော့ အိမ်ပြန်ဖို့အတွက် မျှော်လင့်ချက် တံခါး‌လေး အလင်းရောင်လေး ဖြစ်နေပါပြီ။  Kola လေးက ကျွန်မတို့အားလုံးအတွက်တော့ တူညီတဲ့ချစ်ခြင်းတရားကြိမ်နှုန်းရဲ့ တွယ်တာမှုလေးဖြစ်နေပါပြီ ~

ကျန်းမားမားရဲ့ (၂၇-၆-၂၂) "ကျွန်မတွယ်တာရသော Kola လေး" ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါတယ်

Zawgyi

က်န္းမားမားေျပာတဲ့ Kola ေလး အေၾကာင္း

အခုဆိုရင္ Kola ေလးက ကြၽန္မအတြက္တင္မဟုတ္ေတာ့ပါဘူး။  ဒီအေကာင္ငယ္ေလးကို ဂ႐ုစိုက္တဲ့သူေတြက အမ်ားႀကီးရွိလာပါတယ္။ သူ႔ရဲ႕ လႈပ္ရွားမႈေလးေတြ၊ အေျပာင္းအလဲေလးေတြ ဒါမွမဟုတ္ သူ႔ဘဝရဲ႕အေသးစိတ္အခ်က္ေလးေတြကအစ သူငယ္ခ်င္းေတာ္ေတာ္မ်ားမ်ားရဲ႕ အာ႐ုံစိုက္မႈကို ဆြဲေဆာင္ႏိုင္ပါတယ္။ Kola မွာလည္း သူငယ္ခ်င္းေတြ အမ်ားႀကီးရွိေနပါတယ္။ အဲဒါေၾကာင့္ သူ႔ကိုေစာင့္ေရွာက္ရတာက ကြၽန္မတစ္ေယာက္ထဲအတြက္ မဟုတ္ေတာ့ပါဘူး။ ကြၽန္မကသူ႔ကို ဂ႐ုစိုက္ခ်စ္ခင္တာက သူ႔သူငယ္ခ်င္းေတြကိုလည္း စိတ္သက္သာရာရေစပါတယ္။ 

တကယ္ေတာ့ Kola ကိုခ်စ္ေပးရတာကို ကြၽန္မရဲ႕ စိတ္ခံစားမႈနဲ႔ ကြၽန္မဘဝရဲ႕ အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခုထဲကို ထည့္သြင္းထားပါတယ္။ Kola က နားလည္လား နားမလည္လား မသိေပမယ့္ ကြၽန္မသူ႔ကိုစကားေတြေျပာခ်င္တယ္။ ကြၽန္မသူ႔ကိုေပြ႕ဖက္ၿပီး ခ်စ္တာကို ေဖာ္ျပခ်င္တယ္။ Kola ေၾကာင့္ ကြၽန္မဘဝက ေပ်ာ္စရာမ်ားစြာရွိလာၿပီး သူက ကြၽန္မဘဝရဲ႕ အေရးပါတဲ့အစိတ္အပိုင္း ျဖစ္လာခဲ့ပါတယ္။ 

Kola ေရ~ ကမာၻႀကီးက အရမ္းႀကီးမားက်ယ္ျပန္႔ပါတယ္။ မင္းက အရမ္းေသးငယ္တဲ့ အစိတ္အပိုင္းေလးျဖစ္ပါတယ္။ ဒါေပမယ့္ မင္းကို ခ်စ္ျမတ္ႏိုးတဲ့ လူေတြရဲ႕ ရင္ထဲမွာေတာ့ မင္းက အရအရမ္းအေရးပါေနတယ္။  မင္းေနေကာင္းရမယ္၊ မင္းက ေကာင္းတဲ့ဘဝမွာ ေန႔တိုင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနရမယ္၊ ငါတို႔အားလုံး မင္းကို အရမ္းခ်စ္တယ္။ 

ဤကမာၻေလာႀကီးထဲမွာ တြယ္တာစရာဆိုတာ တစ္ခုခုရွိေနမွသာ ဘဝဆိုတာက အဓိပၸာယ္ရွိပါလိမ့္မယ္။  ကြၽန္မဘဝမွာ ကြၽန္မသားကလြဲရင္ တျခားဘာမွ တြယ္တာစရာမရွိေတာ့ပါဘူး။  ကြၽန္မအေမဆုံးသြားၿပီးေနာက္ပိုင္းမွာ ကြၽန္မတို႔မွာ ျပန္စရာအိမ္မရွိေတာ့ဘူး၊ ကြၽန္မတို႔ဘယ္သြားသြား အိမ္ျပန္လာခ်င္စရာ ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူး၊ ကြၽန္မတို႔အတြက္ ဖြင့္ေပးထားတဲ့ တံခါးမရွိသလို ကြၽန္မတို႔အတြက္ အလင္းေပးမယ့္ မီးေရာင္လည္းမရွိ ေတာ့ပါဘူး။  ဒါေပမယ့္ အခုေတာ့ Kola ေလးက ကြၽန္မအတြက္ေတာ့ အိမ္ျပန္ဖို႔အတြက္ ေမွ်ာ္လင့္ခ်က္ တံခါး‌ေလး အလင္းေရာင္ေလး ျဖစ္ေနပါၿပီ။  Kola ေလးက ကြၽန္မတို႔အားလုံးအတြက္ေတာ့ တူညီတဲ့ခ်စ္ျခင္းတရားႀကိမ္ႏႈန္းရဲ႕ တြယ္တာမႈေလးျဖစ္ေနပါၿပီ ~

က်န္းမားမားရဲ႕ (၂၇-၆-၂၂) "ကြၽန္မတြယ္တာရေသာ Kola ေလး" ေဆာင္းပါးမွ ေကာက္ႏႈတ္ေဖာ္ျပပါတယ္

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများOù les histoires vivent. Découvrez maintenant