ကျန်းမားမားပြောတဲ့ ဟန်အာလေးပုံပြင် အပိုင်း-၁

3 2 0
                                    

ကျန်းမားမားပြောတဲ့ ဟန်ဟန်လေးပုံပြင် အပိုင်း-၁

ကျွန်မ နဲ့ သား နေရာခြင်းပြောင်းလဲကြခြင်း

ကျွန်မရဲ့ သားက အသက်ငါးနှစ်မပြည့်သေးပါဘူး၊ ဒါပေမယ့် သူက ဉာဏ်ထက်မြက်ပြီး စိတ်ကူးကောင်းတယ်။ တစ်ခါတရံမှာ အံ့သြစရာကောင်းလောက်တဲ့စကားတွေ ပြောတတ်ပြီး ထူးထူးခြားခြားတွေလုပ်တတ်တယ်။

တစ်နေ့မှာတော့ သားက ထမင်းစားနေတုန်း ပန်းကန်က မတော်တဆကျကွဲသွားပြီး အစားအသောက်တွေ ရှုပ်ပွသွားကာကြောင့် ကျွန်မက သားကို ဒေါသတကြီး ပြစ်တင်ကြိမ်းမောင်းလိုက်မိတယ်။

သားက အကြာကြီး နှုတ်ဆိတ်နေခဲ့ပြီးတော့ "သားက မားမားဖြစ်ခဲ့ရင်အရမ်းကောင်းမယ် " ဆိုပြီး သက်ပြင်းချရင်း ပြောလိုက်ပါတယ်။

ကျွန်မက အံ့သြသွားတယ် သားက "မားမားက ပန်းကန်ကျကွဲသွားရင် မားမားကို ဘယ်သူမှ အပြစ်တင်မှာမဟုတ်ဘူး" လို့သားက ဆက်ပြောပါတယ်။

သားရဲ့ စကားက ကျွန်မရဲ့ စိတ်ခံစားချက်တွေကို ပျော့ပျောင်းသွားစေပြီး "မင်း မားမား ဖြစ်ချင်တာလား" လို့ သားကို မေးခဲ့တယ်။

သားက ခေါင်းညိတ်ပြတော့ "ကောင်းပြီလေ သားကို မားမား တခါ ပေးလုပ်မယ်" လို့ ကျွန်မက ပြောလိုက်တယ်။ "ကောင်းပြီ၊ အရမ်းကောင်းတာပဲ" သားက အရမ်းပျော်ရွှင်စွာဖြင့် အခန်းကိုလှည့်ပတ်ကခုန်ကာ မားမားရဲ့ အခန်းကဏ္ဍကို ဝင်ရောက်ခဲ့တယ်။

"ထမင်းကောင်းကောင်းစားပါ လျှောက်ပြီးလှည့်မကြည့်နဲ့" လို့ သားက ကျွန်မကို လှမ်းကြည့်ရင်းပြောတယ်။ ဒီ‌နေ့တော့ သားက မားမားဆိုတော့ သူ့ရဲ့ ထမင်းဟင်းကို အရမ်းမြန်မြန်စားပြီးသွားတယ်လေ။
ကျွန်မလည်း ညစာစားပြီးတာနဲ့ ဆိုဖာပေါ်မှာထိုင်ပြီး သတင်းထုတ်လွှင့်တာကိုကြည့်မလို့လုပ်တော့ သားက လာပြီးတီဗွီကိုပိတ်ပြီးပြောလိုက်တယ် "ကလေးက တီဗွီမကြည့်ရဘူး၊ စာရေးပြီးပန်းချီဆွဲရမယ်"

ကျွန်မက ခပ်တိုးတိုးရယ်လိုက်မိတယ် ဒါက ကျွန်မကိုယ်တိုင် သားကို ပြောခဲ့ဖူးတဲ့ စကားတွေ ဖြစ်ပြီး သားက အဲဒါကို မှတ်မှတ်ရရ အတုယူခဲ့ပါတယ်။

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများWhere stories live. Discover now