သားလေး မိုးရွာနေရင် ထီးယူသွားပါ

6 2 0
                                    

Unicode

11-5-2022 XiaoZhe ရဲ့မွေးနေ့ 511 အရောက်မှာပဲ ကျန်းမားမားက သားဖြစ်သူအတွက် မွေးနေ့ဆုတောင်းစကား ပို့စ်တင်ခဲ့ပါတယ်~

"သားလေး မိုးရွာနေရင် ထီးယူသွားပါ"

သား‌ရေ~ဒီနေ့က မင်းရဲ့မွေးနေ့လေးပေါ့~

အရင်နှစ်တွေတုန်းက မင်းရဲ့ မွေးနေ့တိုင်းမှာ မားမားက မင်းအတွက် စာအရှည်ကြီးရေးပြီး မင်းအပေါ်မားမားရဲ့ မျှော်လင့်ချက်တွေနဲ့ မင်းရဲ့လိုအပ်ချက်တွေ အားလုံးကို ရေးသားဖော်ပြခဲ့ပါတယ်~

ဒီနှစ် မင်းရဲ့ သုံးဆယ့်တစ်နှစ်ပြည့် မွေးနေ့မှာတော့ မားမားက ရုတ်တရက် စကားလုံးတွေ ပျောက်ဆုံးသွားပြီး ဘာပြောရမှန်းကို မသိတော့ပါဘူး~ 

မင်းရဲ့ သုံးဆယ့်တစ်နှစ်ဆိုတဲ့ ဘဝခရီးမှာ မင်း တွေ့ကြုံခဲ့ရတာတွေက ဘယ်သူမဆို ကြိုတင်ခန့်မှန်းဖို့ရော ခံနိုင်ရည်ရှိဖို့ရောအရမ်းခက်ခဲပါတယ်~ 

မင်းရဲ့ဘဝခရီးက လမ်းတစ်ဝက်မကျိုးသေးပေမယ့် မင်းပိုင်ဆိုင်ခဲ့တဲ့အောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေ၊ မင်းရင်ဆိုင်ခဲ့ရတဲ့ကျရှုံးမှုတွေ၊ ဆုံးရှုံးနာကျင်မှုတွေကတခြားသူတွေ ဘဝအဆက်ဆက်တောင် မခံစားဖူးလောက်အောင် တွေ့ကြုံခံစားခဲ့ရတယ်~ 

မင်းဘဝခရီးလမ်းက အတက်အဆင်း အကွေ့အကောက်တွေနဲ့ ပြည့်နေခဲ့တယ် မားမားက မင်းအတွက် ဘာကို မျှော်လင့်ရမှန်း‌တောင်မသိတော့ပါဘူးလေ~

မင်းရဲ့ ကံကြမ္မာရဲ့ ဦးတည်ရာကို မားမားလဲ မခန့်မှန်းနိုင်တော့ဘူး မင်းအပေါ်လည်း မားမားက ဘာကိုထပ်ပြီးတောင်းဆိုရမှန်းမသိတော့ပါဘူး  မင်းရဲ့ကြိုးစားမှုတွေက မားမားက မျှော်လင့်ထားတာထက်ကို အများကြီးကျော်လွန်နေခဲ့ပါပြီလေ~ 

တစ်ခါတလေ မားမားကစဉ်းစားမိတယ်- မင်းဘဝက ဘာလို့ ဆူးခရောင်းတွေပြည့်နေရတာလဲလို့ပေါ့~ 

မားမားနဲ့ မင်းရဲ့ ကြားက ကွာခြားချက်တစ်ခုက မားမားက မိုးမရွာခင်မှာ အမြဲတမ်းထီးတစ်လက်ကို ပြင်ဆင်ထားပေမယ့် မင်းကတော့ မိုးရွာနေရင်တောင် ထီးမပါပဲ မိုးရေထဲမှာ ပြေးလွှားသွားတတ်တာပါပဲ~

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများOù les histoires vivent. Découvrez maintenant