ကျန်းမားမားရေးတဲ့ XiaoZhe ခရီးသွားမှတ်တမ်း

5 3 6
                                    

Unicode

ကျန်းမားမားက WeChat မှာရေးတင်ထားတဲ့ XiaoZhe ရဲ့ ခရီးသွားမှတ်တမ်းဆောင်းပါးလေးကို မျှဝေပေးလိုက်ပါတယ်

"မင်းနဲ့အတူတူ ဟိုးအဝေးက ရှုမျှော်ခင်းတွေကို သွားကြည့်ကြမယ်"

追逐远方的梦 2022-10-04 11:00 Beijing

အချိန်တွေက ကျွန်မရဲ့ နုပျိုမှုတွေကိုတိုက်စားပြီး အသက်အရွယ်ကြီးရင့်လာတော့ ကျွန်မရဲ့ အဝေးကရှုမျှော်ခင်းတွေကို သွားကြည့်ချင်တဲ့ စူးစမ်းချင်စိတ်၊ လိုချင်တောင့်တမှု၊ စိတ်အားထက်သန်မှုတွေက အရင်ကလို မထက်သန်တော့ပေမယ့် သားနဲ့အတူတူ ခရီးထွက်ပြီး အဝေးက ရှုခင်းတွေကို ကြည့်ချင်တဲ့စိတ်ကတော့ အမြဲရှိနေခဲ့ပါတယ်။

သားက တိဗက်ကို နောက်တစ်ခေါက်ထပ်ပြီး စက်ဘီးစီးသွားချင်တယ်လို့ပြောတဲ့အခါ ကျွန်မက နောက်တစ်ကြိမ် ထပ်ပြီးကန့်ကွက်ခဲ့ပါတယ်။  လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကလည်း သားက ကျွန်မရဲ့ကန့်ကွက်မှုကို လက်မခံပဲ တက္ကသိုလ်ကဘွဲ့ရပြီးနောက်မှာ တိဗက်ကို စက်ဘီးစီးဖို့ခရီးထွက်ခဲ့တာ တစ်လကျော်ကြာခဲ့ပါတယ်။ အခုဆိုရင် အဲ့ဒါက ဆယ်နှစ်တောင်ကြာခဲ့ပါပြီ။ အဲ့ဒီအချိန်တုန်းက သားက အသက်နှစ်ဆယ်ကျော်ပါပဲ၊  အခုတော့ သားကသုံးဆယ်ကျော်ခဲ့ပါပြီ။ သူ့ရဲ့ ကြံ့ခိုင်မှုစွမ်းရည်နဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေတွေက သူ့ရဲ့ဆန္ဒတွေကိုပြီးမြောက်အောင် ပံ့ပိုးပေးနိုင်ပါ့မလားလို့‌တွေးပြီးကျွန်မ စိတ်ပူမိပါတယ်။ ပြီးတော့ အခုတခေါက်မှာသားကလမ်းကြောင်းအသစ်ကို ရွေးချယ်ထားပါတယ်။ ယူနန်-တိဗက်လမ်းကြောင်းဖြစ်ပါတယ်။ လမ်းခရီးရဲ့ အခြေအနေကို မရင်းနှီးပဲ စက်ဘီးစီးခရီးထွက်တာက ဘယ်လိုအန္တရာယ်များနှင့် အခက်အခဲများကို တွေ့ကြုံနိုင်မှာလဲဆိုတာစိတ်ကူးကြည့်နိုင်ပါတယ်။ ဒါပေမယ့် သားရဲ့စိတ်ဓါတ်နဲ့စရိုက်ကို ကျွန်မကောင်းကောင်းသိပါတယ်။ ကျွန်မက သားကို "အန္တရာယ်ရှိလား" လို့ တိုးတိုးလေးမေးလိုက်တော့ သူက  "ဒီကိစ္စကို မဆွေးနွေးနဲ့" လို့ပြန်ပြောခဲ့ပါတယ်။ ကျွန်မက သားရဲ့ ဆုံးဖြတ်ချက်ကိုမပြောင်းလဲနိုင်ဘူးဆိုတာ သိလိုက်ပါတယ်။ ကျွန်မလုပ်စရာရှိတာက ကျွန်မရဲ့ စိတ်ထားတွေကို ညှိယူတာပါပဲ။သားနဲ့အတူတူ ခရီးထွက်ရင်း ရှုခင်းတွေကြည့်ဖို့ ကျွန်မလိုက်သွားမယ်။ သားက ဘယ်လောက်ဝေးဝေးသွားသွား ကျွန်မက အတူတူလိုက်မယ်လို့ ကျွန်မဆုံးဖြတ်လိုက်ပါတယ်။

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများWhere stories live. Discover now