မင်းရဲ့အိပ်မက်တွေကို ကမ္ဘာကြီးကကြားနိုင်ပါစေ

2 2 0
                                    


Unicode

XiaoZhe ရဲ့ (၃၃)-နှစ်မြောက်မွေးနေ့ မေလ (၁၁)-ရက်နေ့မှာ ကျန်းမားမားရဲ့ WeChat မှာတင်ထားတဲ့ မွေးနေ့အထိမ်းအမှတ်ဆောင်းပါးလေးကို မျှဝေပေးလိုက်ပါတယ်~

မင်းရဲ့အိပ်မက်တွေကို ကမ္ဘာကြီးကကြားနိုင်ပါစေ

Chase the Dream Away

11-5-2024 in Guangdong

ကျွန်မက နေ့ရက်တွေနဲ့ပတ်သတ်ရင် သိပ်အရေးမထားတတ်ပေမယ့် သားရဲ့မွေးနေ့မှာတော့ သူ့ကို အံ့သြဝမ်းသာစရာလေးတွေ လုပ်ပေးဖို့အတွက် အမြဲသတိရတတ်ပါတယ်။ 

သားလေးငယ်ငယ်တုန်းက မွေးနေ့ရောက်ရင် သူ့အတွက် ဖိနပ်၊ အဝတ်အစား၊ အသုံးအဆောင်အစရှိတဲ့ လက်ဆောင်လေးတွေ ဝယ်ပေးခဲ့တယ်။ သား ကြီးပြင်းလာတဲ့အခါမှာတော့ လက်ဆောင်လေးတွေက သူ့ရဲ့ လိုအပ်ချက်နဲ့လိုက်လျောညီထွေ မဖြစ်တော့တဲ့အတွက် သားမွေးနေ့ရောက်ရင် ကျွန်မ စာတိုလေးတွေ ရေးပေးတတ်တယ်။ စာတိုလေးတွေထဲမှာ သူ့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ‌တွေကို ဖော်ပြပြီး သူ့ရဲ့ ထက်မြက်တဲ့အရည်အချင်းတွေကိုအသိအမှတ်ပြုပြီး အနာဂတ်အတွက် မျှော်လင့်ချက်တွေကိုလည်း ပြောပြတတ်ပါတယ်။ အခုဆိုရင် သားရဲ့ မွေးနေ့ကို လူတွေအများကြီးက ဆုတောင်းမေတ္တာတွေနဲ့ ကောင်းချီးပေးပြီး ဂုဏ်ပြုကြတဲ့အတွက် ကျွန်မလည်း သူ့အတွက် ဆုမွန်ကောင်းတွေကို စာသားတွေနဲ့ ဖော်ပြချင်ပါသေးတယ်။

မွေးနေ့မှာ ပျော်ရွှင်ပါစေသားလေးရေ~

ကမ္ဘာကြီးကမင်းအပေါ် နူးညံ့ညင်သာစွာဆက်ဆံပြီး မင်းရဲ့အသံကိုလည်း ကြားနိုင်ပါစေ။

လွန်ခဲ့တဲ့ (၃၃)-နှစ်တုန်းက ဒီနေ့ဟာ ကျွန်မအတွက်အရမ်းဝေးကွာနေပေမယ့် အဲဒီတုန်းက ခံစားခဲ့ရတဲ့ ခံစားချက်ကိုတော့ ဘယ်တော့မှမေ့နိုင်မှာ မဟုတ်ပါဘူး။  ကာလအတန်ကြာအောင် နာကျင်ခြင်းဝေဒနာကိုခံစားရပြီး နောက်ဆုံးမှာတော့ ကျွန်မ သားလေးကို မွေးဖွားခဲ့ပါတယ်။ သားလေးရဲ့ပထမဆုံးငိုကြွေးသံလေးက ကျွန်မကို အဆုံးမရှိတဲ့ နာကျင်မှုတွေထဲကနေ ပြန်ဆွဲထုတ်လာပြီး ကျွန်မ စိတ်ထဲမှာ ခံစားလိုက်ရတာက "ကျွန်မဟာ မိခင်တစ်ယောက်ဖြစ်သွားပြီ" ဆိုတာပါပဲ။ တစ်ချိန်တည်းမှာပဲ အလွန်နုနယ်လွန်းတဲ့ သားလေးအတွက် ကျွန်မ မျှော်လင့်ချက်တွေ အများကြီးထားခဲ့ပါတယ်။ သားလေး ကျန်းမာစွာ ကြီးပြင်းလာပြီး အမြဲတမ်းပျော်ရွှင်နိုင်ရန်၊ ကျွန်မသားလေးဟာ တိုင်းပြည်နှင့်လူ့အဖွဲ့အစည်းအတွက် အသုံးဝင်တဲ့လူသားတစ်ယောက်ဖြစ်လာနိုင်ရန်ဆိုပြီး ကျွန်မ မျှော်လင့်ခဲ့ပါတယ်။ ယနေ့အချိန်အထိလည်း ကျွန်မရဲ့ အဲ့ဒီမျှော်လင့်ချက်တွေဟာ ခိုင်မာနေဆဲဖြစ်ပြီး သားဟာလည်း ကျွန်မ မျှော်လင့်ထားတဲ့အတိုင်း ရိုးသားဖြောင့်မတ်ပြီး သန်မာတဲ့လူသားတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့ပါတယ်။

You've reached the end of published parts.

⏰ Last updated: May 13 ⏰

Add this story to your Library to get notified about new parts!

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများWhere stories live. Discover now