ဩဂုတ်လကိုဖြတ်ကျော်ခြင်း

2 2 2
                                    

Unicode

ကျန်းမားမားရဲ့ WeChat က ဆောင်းပါးလေးကို မျှဝေပေးလိုက်ပါတယ်

"ဩဂုတ်လကိုဖြတ်ကျော်ခြင်း"

🌟August Documentary Movie ကိုကြည့်ပြီးနောက် အတွေးများ🌟

Chase Dream Away

2024-04-20 14:59 Guangdong

ဘဝဆိုတာ တကယ်တော့ ရက်ပေါင်း (၃)-သောင်းကျော်ကြာတဲ့ ခရီးစဉ်တစ်ခုပါပဲ။ တစ်နှစ်မှာ ရာသီလေးခု၊ တစ်ဆယ့်နှစ်လ၊ တစ်ရက်မှာ (၂၄)-နာရီရှိပါတယ်။ လူတိုင်းရဲ့ဘဝမှာ ထူးခြားတဲ့အချိန်အပိုင်းအခြားဆိုတာ ရှိကြစမြဲပါပဲ။ ကျွန်မနဲ့သားအတွက်‌တော့ သြဂုတ်လဟာ အမှတ်ရစရာတွေ အများကြီးနဲ့ လတစ်လပါပဲ။

အသက် (၁၇)-နှစ်အရွယ် သြဂုတ်လမှာ သားက သူအရမ်းတက်ချင်ခဲ့တဲ့ Shanghai Theatre Academy ကို ၀င်ခွင့်ရခဲ့ပါတယ်။

အသက် (၂၁)-နှစ်အရွယ် သြဂုတ်လမှာ သားက ပထမဆုံးအကြိမ် တိဘက်ခရီးစဉ်ကို စက်ဘီးစီးသွားခဲ့ပါတယ်။

နောက်ပိုင်း (၁၀)-စုနှစ်တစ်ခုကြာ‌အောင် ဩဂုတ်လရဲ့ အချိန်အတော်များများမှာ သားက အပူဒဏ်နှင့် ချွေးစက်များကြားမှာ သရုပ်ဆောင်တစ်ဦးဖြစ်ရန် အိပ်မက်ကို ဖော်ဆောင်နေခဲ့ပါတယ်။

လွန်ခဲ့တဲ့ (၃)-နှစ်တုန်းက သြဂုတ်လမှာတော့ မထင်မှတ်ထားသော အပြောင်းအလဲတစ်ခုကြောင့် သားရဲ့အိမ်မက်များအားလုံး ပြိုပျက်သွားပြီး အေးခဲသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ (၂)-နှစ်တုန်းက သြဂုတ်လမှာတော့ သားကဒဏ်ရာတွေကြားမှာ တိဘက်ခရီးစဉ်ကို နောက်တစ်ကြိမ် စက်ဘီးစီးသွားခဲ့ပါတယ်။ ဒါပေမယ့်အကြောင်းအမျိုးမျိုးကြောင့် ခရီးစဉ်ကို ရပ်တန့်စေခဲ့ပါတယ်။

မနှစ်တုန်းက ဩဂုတ်လမှာတော့ သားဟာ ယူနန်ပြည်နယ်က စတင်ထွက်ခွာပြီး ရှန်ဂရီလာမှ တိဘက်အထိ စက်ဘီးစီးခရီးစဉ်ကို ပြီးဆုံးခဲ့ပြီး ခရီးစဉ်အပြီးမှာ August Documentary Movie ကို သယ်ဆောင်လာခဲ့ပါတယ်။

"August" Documentary Movie ကို ကျွန်မ ပထမဆုံးအကြိမ် ကြည့်ခဲ့တာကို မှတ်မိနေပါသေးတယ်။ ကျွန်မသားလေးရဲ့ ဒါရိုက်တာအဖြစ် ပထမဆုံး ပွဲဦးထွက် Movie ဆိုတော့ ကျွန်မတို့သားအမိ (၂)-ယောက်စလုံးက အရမ်းမျှော်လင့်နေကြပြီး တစ်ချိန်တည်းမှာလည်း စိုးရိမ်ထိတ်လန့်မှုတွေကိုလည်း ခံစားရပါတယ်။

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများWhere stories live. Discover now