ကျွန်မက ကျွန်မကိုယ်တိုင်ရဲ့ အလင်းရောင်ပါပဲ

2 1 0
                                    

Unicode

ကျန်းမားမားရဲ့ WeChat က ဆောင်းပါးလေးကို မျှဝေပေးလိုက်ပါတယ်~

"ကျွန်မက ကျွန်မကိုယ်တိုင်ရဲ့ အလင်းရောင်ပါပဲ"

Chase the Dream Away (23-1-2024)

"ကံတရားက ယုတ္တိယုတ္တာမဆန်ပါဘူး ဒီလိုသာဆိုရင် ကံတရားလို့လည်း ခေါ်မှာမဟုတ်ပါဘူး"

လွန်ခဲ့တဲ့လအနည်းငယ်အတွင်းမှာ ကျွန်မဟာ ဖျားနာနေပြီး အိပ်ရာပေါ်မှာနေခဲ့ချိန်အတွင်း ဒီစကားစုက ကျွန်မစိတ်ထဲမှာ ပေါ်လာခဲ့တယ်။

ဒီနှစ်မွေးနေ့ကစလို့ ကျွန်မနေမကောင်းဖြစ်နေတာ ပါ။ ဘာကြောင့်မှန်းမသိပဲ အဖျားတက်တက်နေတတ်တာ တစ်လလောက်ကြာပါတယ်။  ဒါပေမယ့် ကျွန်မဟာ အမြဲတမ်း ကျန်းမာရေးကောင်းနေတာကြောင့် ဒါကို လျစ်လျူရှုခဲ့မိတယ်။ အအေးမိပြီး အဖျားနည်းနည်းတက်တာဟာ အချိန်တန်ရင် ကောင်းသွားမှာပါလို့တွေးခဲ့မိတယ်။

မမျှော်လင့်ပဲ ကျန်းမာရေးပြဿနာသေးသေးလေးဟာ အချိန်ကြာတာနဲ့တဖြည်းဖြည်း ပိုဆိုးလာခဲ့တယ်။ အဖျားတက်နေရုံတင်မကပဲ ဝေဒနာကိုသည်းမခံနိုင်တော့ဘူးလို့ ခံစားလာရတဲ့အခါ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး ကျွန်မကို Shenzhen ဆေးရုံခေါ်သွားခိုင်းလိုက်တယ် (အဲဒီ‌နေ့က သားလေး ပြန်လာမယ့်ရက်‌ဖြစ်ပေမယ့် ကျွန်မ အိမ်မှာနေပြီး သားကို မစောင့်နိုင်တော့ဘူး)

ဆေးရုံမှာစစ်ဆေးချက်အရတော့ ကျွန်မဟာ ဆီးလမ်းကြောင်း ပိုးဝင်သွားတာကြောင့် ကျေက်ကပ်ရောင်နေတယ်ဆိုတာသိရတယ်။  ဆေးရုံတက်ပြီး ဒုတိယနေ့မှာ ကျွန်မရဲ့ ညာဘက်မျက်လုံးက အမြင်အာရုံတွေ မှောင်လာပြီး ရုတ်တရက် မမြင်နိုင်တော့ပါဘူး။  ဆရာဝန်က မျက်လုံးကိုမကုသမီ ကျွန်မတစ်ကိုယ်လုံးက ရောဂါပိုးမွှားကြောင့် ရောင်ရမ်းနေတာကို အရင်ကုသသင့်တယ်ဆိုပြီး ကုသမှုကိုခံယူခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်မ အရမ်းထိတ်လန့်မနေခဲ့ပါဘူး။ အရင်က အတွေ့အကြုံအရတော့ အနားယူပြီး ဆေးကုသလိုက်ရင်အားလုံးအဆင်ပြေသွားမှာပါလို့ထင်ခဲ့ပါတယ်။

"ခဏနေရင်အဆင်ပြေသွားလိမ့်မယ်" ဆိုပြီး ကျွန်မ အကောင်းမြင်စိတ်နဲ့ တွေးခဲ့ပါတယ်။

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများWhere stories live. Discover now