ကျန်းမားမားပြောတဲ့ ဟန်အာလေးပုံပြင် အပိုင်း-၃

6 2 5
                                    

Unicode

ကျန်းမားမားပြောတဲ့ ဟန်အာလေးပုံပြင် အပိုင်း-၃

"ပေးဆပ်ခြင်းက ကောင်းချီးတစ်ခုပါ"

ဟန်အာက ယခုနှစ်နွေရာသီမှာ အရမ်းပျော်ရွှင်စရာကောင်းတဲ့ အားလပ်ရက်တစ်ခုရှိခဲ့ပါတယ်။

ဟန်အာက မွန်ဂိုလီးယားနှင့် အခြားနေရာများကို သွားရောက်လည်ပတ်ကာ အသေးစားရိုက်ကူးရေးနှစ်ခုကိုလည်း ဖန်တီးခဲ့ပါတယ်။ 

ဟန်အာပြန်လာတော့လည်း သူငယ်ချင်းအသုတ်သုံးသုတ်ကို အိမ်ကိုတသုတ်ပြီးတသုတ်ခေါ်လာပြီး လည်ပတ်စေပါတယ်။  သူ့ရဲ့ သူငယ်ချင်းတွေအပေါ်ထားတဲ့ စိတ်အားထက်သန်မှုက တခါတရံမှာဆိုရင် ကျွန်မကိုတောင် မနာလိုဖြစ်လာစေပါတယ်။ 

ဟန်အာက ကားမောင်းပြီး သူဘယ်နှစ်ခါမှန်းမသိ‌အောင်သွားခဲ့ဖူးတဲ့ ပင်လယ်ကမ်းခြေနဲ့ အခြားနေရာတွေကို သွားရောက်လည်ပတ်စေပါတယ်။ တခါသွားလည်ပတ်တိုင်းမှာလည်း မတူညီတဲ့လှည့်ကွက်အသစ်လေးတွေကိုဖန်တီးတတ်ပါတယ်။  သူ့ရဲ့ သူငယ်ချင်းတွေအပေါ်စိတ်နေစိတ်ထားနဲ့ စိတ်ရှည်သည်းခံမှုတွေက ငယ်ငယ်တုန်းကလိုပဲ တခါမှမပြောင်းလဲခဲ့ပါဘူး။

ဟန်အာလေးက ငယ်စဥ်ကလေးဘဝတုန်းကတည်းက သူ့သူငယ်ချင်းလေးတွေကို အိမ်ခေါ်လာပြီးအတူတူကစားရတာကို အနှစ်သက်ဆုံးပါပဲ။ သူ့ရဲ့သူငယ်ချင်းလေးတွေ အိမ်ကိုလာကစားတဲ့အခါတိုင်း သူက အိမ်မှာရှိတဲ့ အစားအသောက်နဲ့ ကစားစရာအားလုံးကိုယူဆောင်ပြီး သူငယ်ချင်းလေးတွေကို ဧည့်ခံတတ်ပါတယ်။ သူက အရမ်းရက်ရောလွန်းလို့ တစ်ခါတစ်ရံမှာ အားလုံးကို ပေးပစ်လိုက်မှာကို စိုးရိမ်မိလို့ ကျွန်မက အစားအစာအချို့ကို တိတ်တဆိတ် ဝှက်ထားတတ်ပေမယ့် သူ့မှာက ထိုအရာများကို တွေ့အောင်ရှာရန် နည်းလမ်းအမြဲရှိပါတယ်။

ဟန်အာကောလိပ်တက်ပြီးနောက်တော့ သူ့အခန်းဖော်က သူ့အဝတ်အစားတွေ ယူ၀တ်ပြီး သူ့ပစ္စည်းတွေကိုယူသုံးတာလည်း သူက ညည်းညူတာမျိုး မရှိပါဘူး။ သူ့ရဲ့ စေတနာထက်သန်လွန်းတာကြောင့် တစ်ခါတစ်လေ တခြားသူတွေက သူ့ကို အနိုင်ကျင့်တယ်လို့တောင် ကျွန်မက ခံစားရတယ်။ 

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများWhere stories live. Discover now