မြို့တစ်မြို့၊ အချစ်တစ်ခု၊ ခရီးစဥ်တစ်ခု

1 0 0
                                    

Unicode
ကျန်းမားမားရဲ့ WeChat က ဆောင်းပါးလေးကို မျှဝေပေးလိုက်ပါတယ်

"မြို့တစ်မြို့၊ အချစ်တစ်ခု၊ ခရီးစဥ်တစ်ခု"

Chase the Dream Away

2024-03-25 10:32 Guangdong

ကျွန်မသားဟာ နှစ်သစ်ရဲ့ဆန္ဒတစ်ခုအနေနဲ့ " သူ သီချင်းဆိုဖူးခဲ့တဲ့နေရာတိုင်းမှာ မားမားရဲ့ခြေရာတွေ ချန်ထားခဲ့ဖို့မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ကျွန်မရဲ့ ကျန်းမာရေးအခြေအနေကြောင့် သားရဲ့  Singapore Fan Meeting နဲ့လွဲချော်ခဲ့ရပြီး ကျွန်မတို့နှစ်ဦးစလုံးလည်း ဒီအတွက်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ နွေဦးပွဲတော် Hong Kong Concert အပြီးမှာ ကျွန်မသားက သူဖျော်ဖြေခဲ့ဖူးတဲ့ နေရာလေးမှာ ကျွန်မနဲ့အမှတ်ရစရာတွေ ထားခဲ့ဖို့ မျှော်လင့်ပြီး စင်ကာပူကို ကျွန်မနဲ့အတူတူနောက်တစ်ခေါက် ပြန်သွားခဲ့ပါတယ်။

စင်္ကာပူနိုင်ငံဟာ မြို့တစ်မြို့ ဖြစ်ပြီး မြို့ ဟာလည်းနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ကျွန်မတစ်ခါမှ မရောက်ဖူးသော နေရာတစ်ခုလည်း ဖြစ်ပါတယ်။

သားကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ဒီနေရာကို လာလည်တဲ့ အတွေ့အကြုံ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ဒီမှာ Fan Meeting ကျင်းပခဲ့ပြီး ပြည်တွင်းဂီတပွဲတော်မှာလည်း ပါဝင်ဖို့ ဖိတ်ခေါ်ခံရပြီး ဆုတွေလည်းရခဲ့ပါတယ်။

လူအများရဲ့ အသိအမှတ်ပြုမှုရနိုင်ဖို့အတွက် သားက အားသွန်ခွန်စိုက်ကြိုးစားခဲ့ပြီး စင်ကာပူဟာ သူ သွားခဲ့တဲ့ ခရီးစဉ်တွေအတွင်းက လှပတဲ့တွေ့ဆုံမှုတွေထဲက တစ်ခုအပါအဝင်ပါပဲ။

အဲဒါကြောင့် ဒီမြေကို ခြေမချခင်မှာထဲက ကျွန်မတစ်ခါမှ မရောက်ဖူးပေမယ့် ရင်းနှီးသလို ခံစားရပါတယ်။  Changi လေဆိပ်ကိုရောက်ပြီး ဒီမြို့ထဲကို တကယ်လမ်းလျှောက်လာတဲ့အခါမှာလည်း ရင်ထဲမှာခံစားချက်တွေ ရှိခဲ့ပါတယ်။

ဒီမှာ ရာသီဥတုက အရမ်းပူပါတယ်။  စင်္ကာပူရဲ့ ရာသီလေးခုလုံးဟာ အပူပိုင်းမိုးသစ်တောရာသီဥတုရှိပြီး အပူချိန်အနည်းငယ်သာကွာခြားပါတယ်။  (ဖေဖော်ဝါရီလဖြစ်ပေမယ့် လမ်းပေါ်မှာ လက်တိုအကျီနှင့် ခြေညှပ်ဖိနပ်၀တ်ထားသူများ ရှိနေပါတယ်)

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများWhere stories live. Discover now