ထာဝရစိတ်ခံစားမှု

3 1 0
                                    

Unicode

ဒီနေ့ ၂၀၂၃-ခုနှစ် ဇူလိုင်လ ၁-ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီတည်ထောင်တာ (၁၀၂)-နှစ်မြောက်တဲ့နေ့ပါ။ ပြီးခဲ့တဲ့ (၂)-နှစ် ၂၀၂၁-ခုနှစ်တုန်းက ကျန်းမားမားက ပါတီရဲ့ (၁၀၀)-နှစ်ပြည့် မွေးနေ့မှာ ဆောင်းပါးတစ်ပုဒ်ရေးပြီး ဆုတောင်းခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက XiaoZhe က နိုင်ငံတော်အတွက် "Red Boat" သီချင်းလေးကို သီဆိုခွင့်ရပြီး သားအမိ(၂)-ယောက် အရမ်းဂုဏ်ယူပျော်ရွှင်နေခဲ့တာပေါ့။ အဲ့ဒီတုန်းက ကျန်းမားမားရဲ့ ဆောင်းပါးလေးနဲ့ XiaoZhe သီဆိုထားတဲ့ Red Boat သီချင်းလေးကို မျှဝေပေးလိုက်ပါတယ်~

"ထာဝရစိတ်ခံစားမှု"

Zhang Xia(1-7-2021)

ဒီနေ့က တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်တဲ့ နှစ် (၁၀၀) ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာစုနှစ်တစ်ခုကိုပြန်ကြည့်ရင် တရုတ်ကွန်မြူနစ်ပါတီဟာ ကြီးကျယ်သောလမ်းကြောင်းကိုဖွင့်လှစ်ရန်၊ ကြီးမားသောအောင်မြင်မှုကိုတည်ဆောက်ရန်၊ ကြီးမြတ်သောစိတ်ဓာတ်ကိုဖန်တီးရန်အတွက် ပါတီဝင်များရဲ့ တန်ဖိုးရှိသောအတွေ့အကြုံများကိုစုဆောင်းပြီး စည်းစည်းလုံးလုံး ဦးဆောင်ခဲ့ပါတယ်။ ရာစုနှစ်တစ်ခုရဲ့ လေတွေ၊  မိုးတွေ၊ နှင်းတွေကြားက ကြုံတွေ့ရတဲ့ ရှုခင်းတွေကို လက်ရာမြောက်တဲ့ ဇာတ်ဝင်ခန်းတစ်ခုလို တရုတ်နိုင်ငံသားတိုင်းရဲ့ အမှတ်တရအဖြစ် ရေးထွင်းထားပါတယ်။

၁၉၈၅-ခုနှစ်မှာ ကျွန်မ တရုတ်ကွန်မြူနစ်ပါတီထဲကို ၀င်ခဲ့ပါတယ်။ ကျွန်မပါတီဝင်ဖြစ်ဖို့အတွက်ညွှန်းဆိုသူ ကတော့ ကျွန်မရဲ့ အတန်းဖော်ပါ။ ပါတီအဖွဲ့အစည်းက ကျွန်မကို တစ်နှစ်လောက် စစ်ဆေးအပြီးမှာ ကျွန်မရဲ့ လျှောက်လွှာကိုလက်ခံပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါတယ်။

ကျွန်မပါတီဝင်ဖို့ ကျမ်းကျိန်တဲ့နေ့ကို ပြန်ပြီးအမှတ်ရမိပါတယ်။ ပါတီရုံးခွဲ အတွင်းရေးမှူးရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်မတို့ပါတီဝင်အသစ်တွေက လက်သီးဆုပ်ပြီး ပါတီအလံကို မျက်နှာမူပြီးလေးနက်တည်ကြည်စွာ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြပါတယ်

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများWhere stories live. Discover now