တောင်တန်းရော ပင်လယ်ပါ မင်းပိုင်ဆိုင်နိုင်ပါစေ

1 2 0
                                    

Unicode

တောင်တန်းရော ပင်လယ်ပါ မင်းပိုင်ဆိုင်နိုင်ပါစေ
Chasing Dreams Away 2022-12-20 

"အကယ်၍များ မင်းရဲ့ စိတ်ကူးထဲကတောင်တန်းကို မင်းက မပိုင်ဆိုင်နိုင်ခဲ့ရင် မင်းတကယ်ပိုင်ဆိုင်တဲ့ ပင်လယ်ကြီးအဖြစ် ဆက်လက်ရှင်သန်လိုက်ပါ~ အေးစက်တဲ့မျက်လုံးအကြည့်တွေကို တိတ်ဆိတ်ခြင်းနဲ့ ရင်ဆိုင်လိုက်ပါ~ ဖြစ်ပျက်သမျှအားလုံးက မင်းအတွက် စစ်မှန်တဲ့အရာအားလုံးကို ပိုပြီးသိမြင်စေပါတယ်~ နောက်ဆုံးတော့ ပင်လယ်ကြီးရဲ့အောက်ခြေမှာ မင်းရဲ့ အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်တွေကို မြှုပ်နှံပြီး မင်းပိုင်ဆိုင်တဲ့ ပင်လယ်ပြာမှာ လွတ်လပ်စွာ ရွက်လွှင့်လိုက်ပါ~ "

ဒီစာသားလေးက Zhang Sanjian Article (15-12-22) "I've been looking for the mountain, but I want to be the sea" ဆိုတဲ့ဆောင်းပါးလေးထဲမှာ "The Decision to Break Up" ဇာတ်ကားအတွက် သားက ရေးသားထားခဲ့တဲ့ နိဂုံးချုပ်စာသားလေးပါပဲ။

ဒီစာသားလေးက သားရဲ့ လက်တွေ့ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တွေနဲ့ သားရဲ့ အနာဂါတ်အတွက် မှန်းဆခြင်းကိုလည်းထင်ဟပ်စေပါတယ်။ သားရဲ့ ဒီဆောင်းပါးလေးကိုဖတ်ပြီး ကျွန်မတွေးမိတာက " မင်းတောင်ပေါ်က မဆင်းခဲ့ရင် ပင်လယ်ကြီးကိုရှာတွေ့နိုင်မှာလား၊ တကယ်ရော မင်းပိုင်ဆိုင်တဲ့ ပင်လယ်ကြီးအဖြစ် ဆက်လက်ရှင်သန်ဖို့ ဖြစ်လာနိုင်မှာလား" လို့ပေါ့။ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။  ဒါပေမယ့် ဖြစ်မလာနိုင်ခြင်းရဲ့ ဖြစ်နိုင်ခြေက ပိုများနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သားရဲ့ အရင်တုန်းက တောင်တန်းကြီးကလည်း အရောင်အသွေးစုံလင်ပြီး ခမ်းနားလှပခဲ့တာကြောင့် သားကသူ့ရဲ့ မူလပုံစံအတိုင်း ဆက်သွားနေပါလိမ့်မယ်။ 

ကျွန်မက ဒီလိုသံသယမျိုးနဲ့ သားကို မေးကြည့်တော့ သားက "ကျွန်တော့်ရဲ့ တောင်ကပြိုကျသည်ဖြစ်စေ၊ မပြိုကျသည်ဖြစ်စေ၊ ကျွန်တော်က ပင်လယ်ကြီးကို သွားပြီးရှာဖွေဦးမှာပါပဲ၊ ကျောက်တုံးကြီးတွေနဲ့ပြည့်နေတဲ့တောင်တန်းတွေကို ကျွန်တော်မြင်ဖူးပြီးပြီ၊ စိမ်းလန်းစိုပြေတဲ့ တောအုပ်တွေကို ကျွန်တော်ဖြတ်လျှောက်ပြီးပြီ၊ မုန်တိုင်းကြီးပြီးလှိုင်းထန်တဲ့ပင်လယ်ကြီးကို ကျွန်တော်မြင်ချင်သေးတယ်၊ ဘဝဆိုတာ တစ်ချိန်လုံး တောင်တက်တွေချည်းမဟုတ်ပါဘူး၊ တစ်နေ့မှာတော့  တောင်ပေါ်ကဆင်းရပါလိမ့်မယ်၊ တောင်ပေါ်ကဆင်းပြီး ပင်လယ်ကြီးကိုရှာဖွေရတာကလည်း ကျွန်တော့်ဘဝအတွက်အတွေ့အကြုံတစ်ခုပဲပေါ့" လို့ သားက ပေါ့ပေါ့တန်တန်ပြောခဲ့ပေမယ့် ကျွန်မရဲ့ အမြင်အရတော့ သားရဲ့တောင်တန်းကြီးက မျက်စိတမှိတ်အချိန်အတွင်းမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုလဲကျသွားခဲ့တာပါ။  အဲ့ဒီအချိန်တုန်းက ကျွန်မအရမ်းကြောက်လန့်ခဲ့ရပါတယ်။ သားရဲ့စိတ်ဓာတ်တွေပြိုလဲသွားမှာကို ကျွန်မကြောက်တယ်၊ နောက်ရောက်လာမယ့်နေ့ရက်တွေမှာ သားက သက်ပြင်းချ ညည်းညူရင်း စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို စွန့်လွှတ်လိုက်မှာကိုလည်း ကျွန်မ အရမ်းကြောက်ခဲ့ပါတယ်။

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများWhere stories live. Discover now