ကျွန်မရဲ့ထာဝရဂုဏ်ယူစရာအတွက်

1 0 0
                                    

Unicode

မနေ့က (၂၃-၉-၂၃) မှာ ကျန်းမားမားက WeChat မှာ "သားလေးဆီသို့ပေးစာတစ်စောင်" တင်ခဲ့ပါတယ်။ အဲ့ဒီပေးစာလေးက WeChat ကဖျက်ချခံရပြီး ကျန်းမားမားက နောက်တစ်ကြိမ်ထပ်တင်ခဲ့ပါတယ်။ နောက်တစ်ကြိမ်လည်းထပ်ပြီးဖျက်ချခံရတာကြောင့် WeChat မှာတော့ဖတ်လို့မရတော့ပါဘူး။ ဒါပေမယ့် HaiZhe လေးတွေက အဲ့ဒီပေးစာလေးကို ပြန်ပြီးမျှဝေထားတာကြောင့် ကျန်းမားမားရဲ့ Heart Touching Letter လေးကို မျှဝေပေးလိုက်ပါတယ်~

“ကျွန်မရဲ့ထာဝရဂုဏ်ယူစရာအတွက်”

追逐远方的梦 2023-09-23 19:13
Posted on Guangdong

သားလေးရေ~

မားမားက မင်းဆီကိုစာတွေမရေးတာကြာပါပြီ။

တကယ်တော့ စာရေးတဲ့နည်းလမ်းဟာ ပဋိပက္ခတွေကို အလွယ်တကူမဖြစ်စေပဲ စိတ်ပိုင်းဆိုင်ရာ ဆက်ဆံရေးကို လွယ်ကူချောမွေ့စေဖို့အတွက် မားမားနဲ့သားတို့အတွက် အလွန်ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ 

ငယ်ငယ်တုန်းကတော့ မားမားက မင်းနဲ့ဆက်သွယ်ဖို့၊ စိတ်ခံစားမှုတွေကိုဖော်ပြဖို့၊ ထင်မြင်ချက်တွေကို ပြောပြပြီးတောင်းဆိုမှုတွေပြုလုပ်ဖို့အတွက် မင်းဆီကိုစာတွေမကြာခဏ ရေးလေ့ရှိပါတယ်။ 

မင်း တတိယတန်းကျောင်းတက်တုန်းက မားမားက အလုပ်ကိစ္စနဲ့ ခရီးအကြာကြီးထွက်ခဲ့တာကို သတိရမိတယ်။ မားမားခရီးကပြန်လာတော့ ဆရာမက မင်းသင်ခန်းစာတွေမှာ ပေါ့ပေါ့ရော့ရော့ ဖြစ်ခဲ့တာတွေကို မားမားဆီလာပြောပြတယ်။ ဒါ​ပေမဲ့ မင်းကိုဆူပူလိုက်ရင် မင်းနဲ့မားမားကြားမှာ ပဋိပက္ခ​တွေ ဖြစ်​လာ​မှာ​ကို စိုးရိမ်လို့ မင်းဆီကို စာ​တစ်စောင်ရေး​ခဲ့​တယ်။  "မားမားရဲ့စာကိုဖတ်ပြီး မျက်ရည်ကျမိသွားတယ်" လို့မင်းပြောခဲ့တာကို ပြန်သတိရမိပါတယ်"

အဲ့ဒီနောက်မှာတော့ မင်းကအများကြီး‌ တိုးတက်ပြောင်းလဲသွားခဲ့ပါတယ်။ သင်ခန်းစာတွေကို ဂရုတစိုက်လေ့လာခဲ့ပြီး၊ အဆင့်များလည်း တိုးတက်လာခဲ့ပါတယ်။ မင်းရဲ့ ဆောင်းရာသီနဲ့ နွေရာသီ အားလပ်ရက်တွေမှာ မင်းကို မားမားခေါ်သွားပြီး ခရီးထွက်တိုင်း ခရီးသွားမှတ်စုတွေ၊ စာတွေရေးဖို့အတွက် မင်းကို "အိမ်စာ" ပေးတတ်တယ်။ မင်းကလည်း အကြိမ်တိုင်း သေသေချာချာ ပြီးအောင်လုပ်ခဲ့ပါတယ်။ ဒီတစ်ခါ မင်းရဲ့ ဖျော်ဖြေပွဲကို မားမားလာကြည့်တော့ မင်းက ဒီလို "စာတွေရေးတဲ့ပုံစံကို ကြိုက်တယ်" လို့ ပြောခဲ့တာကြောင့် မားမားလည်း ကိုယ့်အတွက် " အိမ်စာ " ပေးခဲ့တယ်။ မင်းဆီကို (ကီးဘုတ်ပေါ်မှာ) စာတွေဖြည်းဖြည်းချင်းရေးပြီး ပြောပြပါရစေ။

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများWhere stories live. Discover now