ကျွန်မတို့ရဲ့ ပြီးပြည့်စုံသောအချိန်ကာလလေး

2 1 0
                                    

Unicode

ကျန်းမားမားရဲ့ WeChat က ဆောင်းပါးလေးကို မျှဝေပေးလိုက်ပါတယ်~

"ကျွန်မတို့ရဲ့ ပြီးပြည့်စုံသောအချိန်ကာလလေး"

Chase the Dream Away

2024-03-11 19:41 Guangdong

နွေဦးပွဲတော်နောက်ပိုင်း ပထမဆုံးသောဆောင်းပါးလေးအနေနဲ့ "အားလုံးနဂါးနှစ်မှာကံကောင်းပျော်ရွှင်ပါစေ" လို့ ကျွန်မဆုတောင်းပါတယ်။  ဘဝဟာ စာအုပ်တစ်အုပ်ဖြစ်ခဲ့လျှင် နွေဦးပွဲတော်တိုင်းဟာ စာပိုဒ်တစ်ပိုဒ်ဖြစ်ပါတယ်။  စကားလုံးတစ်လုံးတိုင်း စာကြောင်းတစ်ကြောင်းတိုင်းမှာ နွေးထွေးမှုတွေက စီးဆင်းနေပါတယ်။  ဒီနှစ်မှာတော့ ကျွန်မအတွက် အလွန်အဓိပ္ပာယ်ရှိပြီး လေးနက်လှတဲ့ နွေဦးပွဲတော်ကို ဆင်နွှဲနိုင်ခဲ့ပါတယ်။  "မိသားစု" နှင့် "ပြန်လည်ဆုံဆည်းညစာ"  "ကိုယ်လက်လေ့ကျင့်ခန်း" နှင့် "လက်ဖက်ရည်သောက်ခြင်း" တွေဟာ ပုံမှန်နေ့ရက်များနှင့် များစွာကွာခြားခြင်းမရှိပေမယ့် ကျွန်မအတွက် ပျော်ရွှင်ရတဲ့ခံစားချက်တွေ ပေးခဲ့ပါတယ်။ .

နွေဦးပွဲတော်ရက်အတွင်းမှာ ကျွန်မရဲ့မွေးချင်းမောင်နှမများနှင့် သူတို့ရဲ့သားသမီးများအပါအဝင် မျိုးဆက်သုံးဆက်ရဲ့ ဆွေမျိုးများနှင့် သူငယ်ချင်းများ (ကျွန်မသားနှင့်တစ်လနှင့်တစ်ရက်တည်းမွေးဖွားသော တူငယ်လေးအပါအဝင်) အားလုံးဟာ ကျွန်မသားရဲ့ဖျော်ဖြေပွဲကို ကြည့်ရှုရန် လာရောက်ခဲ့ကြပါတယ်။  ဒီတစ်ခါမှာတော့ သားက သူ့ရဲ့ ဖျော်ဖြေပွဲကို ရှန်ကျန်းနဲ့ ရေပြင်သာခြားတဲ့ ကျွန်မတို့နိုင်ငံရဲ့ ဟောင်ကောင်မှာ ကျင်းပခဲ့ပါတယ်။

နှစ်သစ်အတွက် မျှော်လင့်ချက်အပြည့်နဲ့ နွေဦးပွဲတော် ခုနစ်ရက်မြောက်နေ့မှာ သားရဲ့ "Primordial Theratre" ဖျော်ဖြေပွဲကို ကျင်းပခဲ့ပါတယ်။ ကျန်းမာရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ပြီးခဲ့တဲ့ Fan Meeting နှစ်ခုမှာ သားရဲ့ပွဲတွေကို ကျွန်မ ပျက်ကွက်ခဲ့ပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ပရိတ်သတ်ရဲ့ တုံ့ပြန်မှုတွေကနေသာ သားရဲ့ ဖျော်ဖြေမှုကို ခံစားခဲ့ရပါတယ်။  အခုတစ်ခေါက် ကိုယ့်နိုင်ငံရဲ့ ဟောင်ကောင်မှာ ကျင်းပတဲ့ ဖျော်ဖြေပွဲက သားအတွက်ရော ကျွန်မအတွက်ပါ အရမ်းအရေးကြီးပါတယ်။

မိခင်တစ်ယောက်ရဲ့ ရင်ထဲက စကားသံများWhere stories live. Discover now