အပိုင်း(၁)

2.6K 60 2
                                    

START - Setember.1.2023

Unicode

ကျွီ.....

ခြံဝန်းကျယ်တစ်ခုထဲသို့ ကားတစ်စီးဝင်ရောက်လာကာ သီးသန့် ကားထိုးရာနေရာတွင် ရပ်သွားသည်။ကားထဲမှ လင်မယားဖြစ်ဟန်တူသော အသက်၄၀အရွယ် လူနှစ်ယောက် ဆင်းသက်လာကာ ထိုနေရာရှိ ဂေဟာမှူးအား ပြုံးကာနှုတ်ဆက်ကြသည်။ဂေဟာမှူးကလည်း အရင်ဆုံး အပြုံးနှင့် တုန့်ပြန်လိုက်လေသည်။

ထိုနေရာက
မိဘမဲ့ဂေဟာ......

" ကလေးတို့ ဒီမှာ ဦးတို့မုန့်တွေဝယ်ခဲ့တယ် လာစားကြပါဦး "

ခုနက ကားပေါ်မှဆင်းလာသူထဲမဖှ ယောက်ျားဖြစ်သူက လက်နှစ်ဖက်တွင် မုန့်ထုတ်အပြည့်နှင့် တက်ကြွနေသည်။ကလေးများကလည်း ထိုလူဆီသို့ ပျော်ရွှင်စွာ ပြေးသွားကြသည်။

" အထဲဝင်ထိုင်ကြပါဦး "

ဂေဟာမှူးက ဖော်ရွေစွာ ဆိုသည်။ထိုလူနှစ်ယောက်က ဂေဟာမှူးနှင့်အတူ အထဲဝင်သွားကြသည်။ကလေးများကတော့ ယူလာသည့်မုန့်များကို ဝေတူမျှတူ ခွဲယူနေကြသည်။

ဧည့်ခန်းထိုင်ခုံတွင်ထိုင်လိုက်ပြီး စကားလက်ဆုံပြောနေကြသည်။လာရင်းကိစ္စသည်ကား ထိုလူနှစ်ယောက်က ကလေးတစ်ယောက်မွေး‌စားဖို့ဖြစ်သည်။သူတို့၏ သားငယ် အဖော်ရအောင် မွေးစားကလေးလာရှာခြင်းဖြစ်သည်။လင်မယား နှစ်ယောက်တွင် မိန်းမဖြစ်သူနာမည်က ဒေါ်ခင်မမနွယ် ၊ ယောက်ျားဖြစ်သူက ဦးရှိုင်းမင်းဆက် ဖြစ်သည်။

" လွန်းငယ်တဲ့လား နာမည်လေးက ချစ်ဖို့ကောင်းတယ် အသက်အနေနဲ့လည်း သားငယ်ထက် ၂နှစ်ကြီးတော့ ပိုအဆင်ပြေတယ် ဒါနဲ့ ဘာလို့ အဲ့ကလေးကို မွေးစားဖို့ အကြံပေးရတာလဲရှင် "

" အဲ့ကလေးက သနားဖို့ ကောင်းပါတယ် သူ့မိဘတွေက မတော်တဆကားမှောက်ပြီးဆုံးသွားရှာတာ အထူးသဖြင့် သူ့အမေက ကျွန်မရဲ့သူငယ်ချင်းပါ သူ့မှာ အမတစ်ယောက်ရှိတယ် နာမည်က လွန်းနဒီတဲ့ မတော်တဆမှုကြောင့် မိဘနှစ်ပါးဆုံးပြီး အမဖြစ်သူပါပျောက်သွားတော့ သူစိတ်ထိခိုက်နေရှာတာ တစ်ချို့အဖြစ်အပျက်တွေတော့ မမှတ်မိဘူးထင်ပါတယ် သူ့အမကိုရောလေ ကလေးက အမြဲငိုတယ် မိဘတွေကိုလွမ်းလို့ သူက မိဘမေတ္တာတွေ လိုအပ်နေတာ ဒါကြောင့် ကျွန်မကအဲ့ကလေးကို ရှင်တို့နဲ့အဆင်ပြေစေချင်တာပါ "

MY Bad Elder Brother...Where stories live. Discover now