အပိုင်း(၅)💋

1.7K 37 7
                                    

Unicode

တီ... တီ...

" အော်လွန်းပြန်ရောက်ပြီ "

ကားဟွန်းတီးသံကြားလို့ ဒေါ်ခင်မမ ထွက်ကြည့်ရာ ကားမောင်းသူနေရာမှ လွန်းမဟုတ်ဘဲ အခြားသူထွက်လာသည်ကို မြင်လိုက်ရတာကြောင့် အံ့ဩမိသည်။

" သားဘာဖြစ်လာတာလဲ "

ဖြိုးက ဧည့်ခန်းခုံတွင် လွန်းကိုထိုင်စေပြီး သူပါ‌ေဘးတွင်ဝင်ထိုင်လိုက်သည်။

" သား ‌ချော်လဲလာလို့ပါ "

" ဘယ်လိုဖြစ်ရတာလဲကွယ် မကြီးမငယ်နဲ့ "

" သက်သာနေပါပြီ မေမေက ဖြိုးကိုကျေးဇူးတင်ရမယ် သူကျွန်တော့်ကို ကူညီပေးထားတာ "

" ကျေးဇူးပါ သားရယ် အန်တီ့သားကို ကူညီပေးလို့ "

" ဟုတ် ရပါတယ် အန်တီ "

ဖြိုးက မေမေ့အား ဖော်ရွေစွာ ပြုံပြလေသည်။မေမေက လွန်း၏ တစ်ဘက်တွင် ထိုင်ကာ

" ပြောပါဦး နမော်နမဲ့နဲ့ ဘယ်လိုလဲသွားတာလဲ "

" ဟို.. ပစ္စည်းတစ်ခုခုကို တိုက်မိ... "

" ရှိုင်းပါ "

" ဟမ်! "

လွန်းက လိမ်ပြောဖို့ကြိုးစားသော်လည်း နောက်ဆက်တွဲထွက်လာသည့်အသံနှင့်အတူဖြိုးက...

" လိမ်မနေပါနဲ့အကို အမှန်အတိုင်းသာပြောလိုက်ပါ ဟင်းးး ဒီလိုပါ အန်တီ အကိုကအန်တီကိုယ်တိုင်ပြင်ဆင်ပေးထားတဲ့ထမင်းဘူးကို ရှိုင်းကိုလာပေးတာပါ ဒါမဲ့ ရှိုင်းက လေသံမာမာနဲ့ပြန်ပြောပြီး အတန်းထဲက ထွက်သွားခဲ့တာပါ ပြီးတော့... "

" ရှိုင်းကြောင့်မဟုတ်ပါဘူးမေမေ ခြေထောက်ခေါက်သွားတဲ့ကိစ္စက ရှိုင်းနဲ့မဆိုင်ပါဘူး "

ဖြိုးနှင့်လွန်း နှစ်ဦးသား စကားလုနေကြသည်။မေမေက ကြားထဲက နားထောင်ပြီး မျက်နှာပင်မကောင်း...

" ရှိုင်းခန့်သော် ! "

မေမေက အသံမြှင့်ကာ ခေါ်လိုက်တော့ မီးဖိုခန်းထဲက ရှိုင်းက ထွက်လာကာ...

" ဘာလဲဗျာ "

" မေမေ မင်းကိုဘာပြောထားလဲ အပြင်မှာဆို လွန်းကိုကောင်းကောင်းဆက်ဆံပါလို့ မင်းအဲ့လိုဆက်ဆံတော့ ဘေးလူတွေက လွန်းကိုဘယ်လိုထင်မလဲ "

MY Bad Elder Brother...Hikayelerin yaşadığı yer. Şimdi keşfedin