အပိုင်း(၂)

1.6K 42 2
                                    

Unicode

တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုအပ်သမျှ ပစ္စည်းများ ဝယ်ခြမ်းပြီးနောက် အိမ်ကို ဦးတည်လာခဲ့ကြသည်။ကားပေါ်တွင်တော့ ‌ပျော်ရွှင်ကြည်နူးနေသည့် ကလေးငယ်တစ်ယောက်နှင့် ထိုကလေးငယ်အား မွေးစားဖို့ခေါ်လာတဲ့ လူနှစ်ယောက်ပါသည်။

မကြာခင် ခြံဝန်းတစ်ခုထဲ ဝင်ရောက်လာတဲ့ကားက ကားရပ်ရာ အမိုးအောက်ဝယ် ရပ်နားလေသည်။ကားပေါ်မှ သုံးဦးလုံးဆင်းခဲ့ကြသည်။ထိုထဲမှ ကလေးငယ်သည် ယခုရောက်နေသည့်အိမ်ပတ်လည်အား ကြည့်ကာ မှင်သက်နေခဲ့သည်။ သူတော်တော်သဘောကျနေသည်လေ။

မွေးစားမိဘများက ဝယ်ခဲ့သော ပစ္စည်းများအား အိမ်ထဲသို့ သယ်ရန် အလုပ်သမားအား စေခိုင်းလေသည်။ပြီးနောက် ကလေးငယ်အား ခေါ်ကာ အိမ်ထဲဝင်ခဲ့ကြသည်။

အိမ်ထဲရှိ ဆိတ်ငြိမ်မှုက သိသာလွန်းလှသည်။ကလေးငယ်၏ ပထမဆုံးရောက်ဖူးသည့် ထိုအိမ်လေးမှာ တိတ်ဆိတ်မှုနှင့် ကြိုဆိုနေတော့သည်။

" ဖေဖေ ၊ မေမေ "

အပေါ်ထပ်မှဆင်းလာတဲ့ ၈နှစ်အရွယ် ကလေးငယ်လေးဟာ ဖေဖေ ၊ မေမေ ဟု ရွတ်ရင်း ပြုံးရွှင်ကာ ပြေးလာသည်။ဖေဖေနှင့်မေမေဆိုသူများကလည်း ထိုကလေးငယ်လေးအား ပွေ့ဖက်နေကြသည်။

" လွန်းငယ် သား လာပါဦးဒီကို "

" ဟုတ် မေမေ "

(မေမေတဲ့လား...)

လွန်းငယ်၏ အခေါ်တွင် အံ့ဩရသူကတခြားလူမဟုတ် စောစောကပြေးဆင်းလာသည့် ကလေးပင်ဖြစ်သည်။ထိုကလေးနာမည်က...

" သား ဒီမှာ သားကိုပြောတဲ့ မေ့မေ့သားငယ်လေးလေ နာမည်က ရှိုင်းခန့်သော်တဲ့ သား
ရှိုင်း ဒါက သားအကိုဖြစ်လာမဲ့သူ လွန်းငယ်တဲ့ "

" အကို... ဟင့်အင်း သားအကိုမလိုချင်ဘူး သားက မမဘဲလိုချင်တာ သားကိုဂရုစိုက်ပေးမယ့် မမလေ "

" အော် သားရယ် လွန်းငယ်လေးက သားကိုဂရုစိုက်မှာပါ ပြီးတော့ ရောက်ပဲရောက်နေပြီကို သားကပြန်ပို့ချင်သေးလို့လား "

" အင်း ဟုတ်တယ် ပြန်ပို့လိုက် မေမေ သား သူ့ကိုမလိုချင်ဘူး "

MY Bad Elder Brother...Where stories live. Discover now