အပိုင်း(၁၇)

1K 20 4
                                    

Unicode

" ဖွားဖွား ဖေဖေ,မေမေနဲ့မောင်လေးကိုကယ်ပါဦး ဟင့်... "

" သမီးဘာဖြစ်တာလဲဟမ် ဖွားဖွားကိုပြော ဘယ်လိုဖြစ်ရတာလဲ "

" မ..မသိဘူး ရုတ်တရက်ကားက "

" ဘယ်သူတွေပါသေးလဲ "

" ဖေဖေ၊မေမေနဲ့မောင်လေးပါတယ် "

ထိုမိန်းမကြီးက တစ်ခုခုကိုတွေဝေသွားပုံရသည်။ ထိုမိန်းမကြီးက သူ့မိသားစုတွေရှိတြဲအိမ်ကနေထွက်ပြီး တစ်ယောက်ထဲနေသည်။ သူမဟာ ကလေးတစ်ယောက်ရချင်ခဲ့တာ။
ထျုအချင်းအရာကိုအခွင့်ကောင်းယူပြီး ကလေးမလေးအား...

" လာ အရင်ဆုံးဒီကနေထွက်သွားရအောင် "

ကလေးမလေးကတော့ မိန်းမကြီးနဲ့အတူပါလာခဲ့ပါသည်။ တောင်းပန်ပါတယ်ကလေးရယ် ဖွားဖွားမင်းတို့မောင်နှမကိုခွဲဖို့မရည်ရွယ်ပါဘူး...

• • • • •

ယခုအချိန်ကာလတွင်...

" အို... ငါတကယ်မကောင်းခဲ့တာဘဲ ငါဘာတွေလုပ်ခဲ့မိပါလိမ့် "

" အဖွားမှာ အမနဲ့သူ့မောင်တွဲရိုက်ထားတဲ့ပုံမရှိဘူးလား "

" အင်... တစ်ပုံတော့ရှိတယ် အဲ့တုန်းက သူမရဲ့ခန္ဓာကိုယ်မှာပါလာတဲ့ တစ်ခုတည်းသောအမှတ်တရဘဲ "

" ကျွန်တော့်ကိုပြပေးနိုင်မလား "

" အင်း ရတယ်လေ ခနစောင့်ဦးကွယ် "

ဖွားဖွားကိုခေါင်းငြိမ့်ပြရင်း တစ်ခုခုကိုတွေးတောနေမိသည်။ လွန်း... ခင်ဗျားမဖြစ်ပ့စေနဲ့...

ခနနေတော့ ဖွားဖွားကလက်ထဲတွင် ဓာတ်ပုံအသေးလေးကိုယူကာ ရှိုင်းအနားသို့ရောက်လာခဲ့သည်။

" ဒီမှာရော့ ကြည့်ကြည့် "

ဖွားဖွားလက်ထဲမှ ဓာတ်ပုံအား လှမ်းယူရန် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေမိသည်။ သူကြောက်တယ်လေ လွန်းဖြစ်နေမှာ။ လွန်းသာဆိုရင် သေချာပေါက်သူ့ကိုထားခဲ့ပြီး သူ့အမနဲ့ပြန်သွားနေလောက်တယ်။ ဟင့်အင်း အဲ့လိုမဖြစ်ရဘူး...

ဖုန်းထုတ်ကာ ဓာတ်ပုံဖိုင်ထဲဝင်ပြီး အောက်ဆုံးထိဆွဲချလိုက်တော့ ငယ်ငယ်ကရိုက်ထားသည့်ဓာတ်ပုံများ...

MY Bad Elder Brother...Où les histoires vivent. Découvrez maintenant