အပိုင်း(၃၆) (final) unicode

1.1K 13 3
                                    

" သမီးနဒီ ရောက်လာပြီလား ထိုင်ဦးနော် "

" ဟုတ်အန်တီ "

" ဘယ့်နှယ့်အန်တီတုန်း မေမေခေါ်ပါ ခုကစပြီး သမီးကမေမေ့သမီးကြီးဘဲ သမီးအတွက်အခန်းပြင်ပေးထားတယ် ဗိုက်တာလား မေမေတစ်ခုခုလုပ်ပေးမယ်လေ "

" နေနေ သမီးဗိုက်မဆာပါဘူး ကျေးဇူးပါမေမေ "

" မဟုတ်တာသမီးရယ် မေမေတို့က သမီးနဲ့လွန်းကိုသာကျေးဇူးတင်ရမှာပါ "

" စိတ်ထဲမထားပါနဲ့မေမေရဲ့ ဒါနဲ့လွန်းရော "

" အပေါ်ထပ်အခန်းမယ် သားငယ်ကိုချွဲနေတယ်ထင်တယ် "

မေမေက ပြုံးစစဖြင့်ပြောလေသည်။ နဒီက ရှိုင်းအိမ်မှာနေမှာဖြစ်သည်။ ပတ်ဝန်းကျင်က ဒေါ်ခင်မမနွယ်တို့လင်မယား နဒီ့ကို၃ယောက်မြောက်သမီးကြီးအနေဖြင့်မွေးစားလိုက်သည်ဟု သိထားကြသည်။

" အား "

" ဘာဖြစ်တာလဲ "

" မောင့်မှာ အားမရှိတော့ဘူး အားဖြည့်ရတော့မယ်ထင်တယ် "

" အပိုတွေပြောမနေနဲ့ မြန်မြန်နှိပ် "

လွန်း၏ တစ်ကိုယ်လုံးညောင်းကိုက်နေသည်ဆို၍ ရှိုင်းမှာ ထိုင်နှိပ်ပေးနေရသည်။ ကြာလာတော့ နှိပ်နေတဲ့သူပါ ညောင်းလာတော့သည်။

" လုပ်ပါ အားဖြည့်ပေးပါ မဟုတ်ရင် ကိုကို့ကိုမနှိပ်နိုင်တော့ဘူးနော် "

" မဆိုင်တာတွေ အားဆေးတိုက်ရမလား အန်ဆွဲထဲမှာရှိတယ် "

" ဟင့်အင်း ဆေးကမောင့်ရှေ့မှာရှိနေတာ "

ထိုသို့ပြောပြီး ပါးကိုဖောင်းပြလိုက်သည်။ လွန်းသိလိုက်တာက ရှိုင်းတစ်ယောက်လူလည်ကျနေပြီလေ။ ပါးကိုနမ်းစေချင်၍ ပါးဖောင်းပေးထားသည်။

" လုပ်လေမြန်မြန် အားပြတ်သွားမယ်နော် "

" လူလည်ကျပြီ "

ရွှတ်...

ဖောင်းထားသည့်ပါးကိုတစ်ချက်နမ်းလိုက်တော့ ရှိုင်းကပြုံးကာ ‌ကျန်ပါးတစ်ဖက်ကိုဖောင်းပြန်သည်။

" ဘာလဲဘာလဲ "

" အပြည့်ဖြည့်ပေးမှပေါ့ဗျာ "

MY Bad Elder Brother...Where stories live. Discover now