အပိုင်း(၃၃) unicode

551 10 0
                                    

" လွန်း လွန်းငယ် မင်းဘယ်မှာလဲ "

" သားဘာဖြစ်လို့လဲ "

" မေမေ လွန်းကိုတွေ့မိသေးလား "

" အင်း စောနက သားအတွက်ဆိုပြီး ခေါက်ဆွဲလာပြုတ်ပြီး အပေါ်ယူသွားတာဘဲ သားကမစားရသေးဘူးလား "

" အခုမှရေချိုးပြီးလို့ပါ လွန်းကိုမတွေ့လို့ အောက်မှာများရှိမလားလာကြည့်တာ "

" အောက်မှာတော့မရှိလောက်ဘူးနော် မေမေဆိုဖာမှာဘဲတစ်ချိန်လုံးထိုင်နေတာ အပေါ်ပြန်တက်ပြီး ပြန်တော့ဆင်းမလာပါဘူး အပေါ်မှာဘဲရှိမှာပါ ဘုရားခန်းထဲရော "

" ကြည့်ခဲ့ပြီးပြီ မရှိဘူး "

" ဟင်! မဖြစ်နိုင်တာ ရှိမှာပါ လာမေမေနဲ့အတူပြန်သွားရှာရအောင် "

မေမေနှင့်အတူ အပေါ်ထပ်သို့ပြန်တက်ခဲ့လိုက်သည်။ အခန်းထဲဝင်ရန်ပြင်နေတုန်းရှိသေး မေမေ့စကားကြောင့် ခေါလှမ်းတို့အားပြောင်းပစ်မိသည်။ မေမေပြောလိုက်တာက

" ဟော ဟိုမယ် တံခါးကဟနေတယ် အဲ့အခန်းထဲနေမှာပါ့ "

" ဟမ်! ဘာလုပ်တာပါလိမ့် "

မေမေ့ထက်ဦးအောင် အခန်းဆီခြေလှမ်းကျဲကြီးများဖြင့် သွားလိုက်သည်။

" လွန်း မင်းဒီအခန်းထဲ ဘာဝင်လုပ်... "

စကားကိုပင်ဆုံးအောင်မပြောဘဲ အခန်းထဲပြေးဝင်သွားတဲ့သားဖြစ်သူကြောင့် တစ်ခုခုဖြစ်နေပြီလားဟူသော အတွေ့ဖြင့် အခန်းထဲလ်ုက်ဝင်လိုက်သည်။

" မေမေ လွန်း... သူတစ်နေရာရာကို ထွက်သွားတယ်ထင်တယ် "

ပွင့်နေသာပြတင်းတံခါးနှင့် အောက်ကိုတွဲလောင်းကျနေသော ကြိုးရှည်တို့ကိုကြည့်ပြီး မေမေ့အား လှမ်းပြောလေသည်။ သေချာပါသည်။ ရှိုင်း၏အခုအသံမှာ အနည်းငယ်သိမ်ဝင်နေသည်။

" လွန်းရာ ဘယ်သွားတာလဲ အန္တရာယ်များနေတာကို "

" သားကိုဘာမှပြောမသွားဘူးလား လာသားတို့အခန်းထဲသွားကြည့်ရအောင် "

သားအမိနှစ်ယောက်သား ထိုအခန်းထဲမှထွက်ကာ တစ်ဖက်ရှိ ရှိုင်းတို့နေတဲ့အခန်းထဲပြန်ဝင်လာခဲ့တော့ ကုတင်ဘေးကစားပွဲတွင်တင်ထားသော ခေါက်ဆွဲပြုတ်ပန်းကန်။ ထိုပန်းကန်ဘေးတွင် စာရွက်ခေါက်လေးတစ်ခု။
လွန်းချန်ထားခဲ့တာဖြစ်မယ်ဆိုသည့်စိတ်ဖြင့် စာရွက်ကို ကောက်ယူကာ ဖြန့်လိုက်သည်။ စာထဲရေးထားသည်က

MY Bad Elder Brother...Where stories live. Discover now