အပိုင်း(၁၃)🌚

1.4K 30 2
                                    

Unicode

အနက်စောစောစီးစီး ရှိုင်းပျောက်သွားလို့ဆိုပြီး ရှိုင်းကိုတစ်မနက်လုံးလိုက်ရှာနေတဲ့ Mon
ရှိုင်းအားကိုးနဲ့လိုက်ခဲ့တာ ခုရှိုင်းက သူ့အခန်းထဲတွင်ရှိမနေ။ အပေါ်ထပ်အခန်းအကုန်ရှာကြည့်ပြီးနောက် လွန်းအခန်းသာကျန်သည်။

" ရှိပါ့မလား "

ဂျလောက်!

တံခါးဖွင့်ပြီး တိတ်တခိုးကြည့်လိုက်တော့ မြင်လိုက်ရသူအဖို့ ဤမြင်ကွင်းက အတော်ပင်အံ့ဩစရာကောင်းလှသည်။ အိပ်မောကျနေသူနှစ်ယောက်သားက ကိုယ်ချင်းထပ်လျက်။
မသိရင် ခုမှမွေးလာနဲ့ အမွှာနှင့်တောင်တူ‌နေသေးသည်။

Monသူ့မျက်လုံးသူပင်မယုံနိုင်လောက်အောင်ဖြစ်မိသည်။ သို့သော် ကောက်ကျစ်တဲ့စိတ်ဓာတ်ကတော့ ရှိမြဲရှိဆဲပင်။ ဖုန်းထုတ်လိုက်ပြီး ထိုပုံရိပ်ကိုရိုက်ထားလိုက်သည်။
ပြီးနောက်အပေါ်ထပ်မှဆင်းကာ

" ဟို... "

" သမီးက... "

လှေကားရင်းမှနေပြီး အောက်ထပ်တွင်အလုပ်လုပ်နေသော ဒေါ်ခင်မမကို အသံပေးလိုက်တော့ လှည့်ကြည့်လာသည်။

" ဟို.. သမီးက ရှိုင်းခန့်သော်ချစ်သူပါ "

" ဟင်! ရှိုင်းချစ်သူကဒီကိုဘယ်လို ရှိုင်းကရော ပြင်သစ်မှာမဟုတ်ဘူးလားကွယ် "

" ပြန်ရောက်ပြီရှင့် မနေ့ညကမှပြန်ရောက်တာ အကိုလွန်းပြောမပြထားဘူးလား "

" မပြောဘူးရယ် မထသေးလို့နေမယ် "

" အာ.. ဟို..အန်တီက... "

" အန်တီက ရှိုင်းမေမေပါ ဒါနဲ့ရှိုင်းရော "

" သမီးလည်းအောက်ကိုလာကြည့်တာရှိုင်းကိုသူ့အခန်းထဲမတွေ့လို့ အောက်များရှိမလားလို့ "

" မရှိဘူးလား အကုန်ရှာကြည့်ပြီးပြီလား "

" ဟုတ် အခန်းတွေအကုန်ကြည့်ပြီးပြီ အကိုလွန်းအခန်းဘဲကျန်တော့တာ "

" ဘာကွ! "

ဒေါသတကြီးဝင်အော်လာတဲ့ ဦးမင်းဆက်။

" ဒါက ရှိုင်းအဖေပါ ရှင်စိတ်ကိုထိန်းစမ်း "

" သေချာတယ် လွန်းအခန်းထဲပဲနေမှာ တောက်! လာသွားကြည့်မယ် "

MY Bad Elder Brother...Where stories live. Discover now