အပိုင်း(၂၃) unicode

810 17 0
                                    

" လွန်းးး အိမ်ပြန်နှင့်လိုက်နော် မောင်အလုပ်လေးရှိနေသေးလို့ "

" ဘာအလုပ်မို့လို့လဲဟင် ငါစောင့်ပါမယ် မောင်ပြီးမှအတူပြန်မယ်လေနော် "

" မောင့်စကားကိုနားထောင်ပါ မောင့်အလုပ်က ပြီးဖို့နည်းနည်းကြာမယ် ဖေဖေတို့လည်း စိတ်ပူနေလောက်ရောပေါ့ ပြန်လိုက်ပါ "

" အင်းပါ ဒါနဲ့တစ်ခုလောက်မေးလို့ရမလား "

" အင်း "

" ဟို... မနေ့တုန်းက မောင်ငါ့ကိုလာကယ်..... "

" မပြောနဲ့ အတိတ်ကိုအတိတ်မှာဘဲထားလိုက်ပါ ထပ်မပြောပါနဲ့ဝောာ့ "

ဘာဖြစ်နေမှန်းမသိတဲ့ ရှိုင်းကိုကြည့်ကာ လွန်းနားမလည်‌နိုင်တော့ပါ။ ရှိုင်းဘာတွေဖြစ်နေသလဲ။ အရမ်းကိုထူးဆန်းနေပါသည်။ အပြုအမူတွေကအစ.....

လွန်းမေးချင်သည့်အကြောင်းက
မနေ့ကဝဏ္ဏဆိုတဲ့ကောင်ကလည်း လွန်းနားကမခွာပေ။ စတွေ့ကတည်းက ၄ယောက်ထဲသာပါသည့် တပည့်တွေကလည်း မနီးမဝေးတွင် မလှုပ်မယှက်ရပ်နေခဲ့သည်။ ဒါဖြင့် လွန်းကိုအဲ့မှာဖမ်းထားတယ်ဆိုတာ ရှိုင်းကို ဘယ်ကအသိပေးလိုက်သလဲ။ ကသိပေးသူရှိလို့သာ ရှိုင်းရောက်လာတာဖြစ်မည်။ သူဖုန်းပြောတော့ ရှိုင်းကသူ့အိမ်မှာဘဲရှိနေသည်။ လူလွှတ်ပြီးနောက်ယောင်ခံလိုက်တယ်ဆိုပြန်တော့လည်း အဲ့လိုသာဆို ရှိုင်းနောက်ကျမှာမဟုတ်။ တစ်ယောက်ယောက်ရှိကိုရှိနိုင်သည်။ ဝဏ္ဏနှင့်ပါလာသည့်တပည့်လေးယောက်ကလည်း ရှိုင်းကိုရင်မဆိုင်နိုင်။

နေရာမှထကာ ရှိုင်းကိုနှုတ်ဆက်မိသည်။

" သွားပြီနော် မောင်... "

" ... "

လွန်းအား ထိုင်နေရာမှမော့ကြည့်ကာ

ဒါက မောင့်ကိုနှုတ်ဆက်ခြင်းရဲ့နောက်ဆုံးဖြစ်နေလိမ့်မယ် ခင်ဗျားရယ်.....

မျက်ရည်ဝဲတက်လာသည့်မောင့်အား တဖန်အံ့အားသင့်မိပြန်ပါသည်။ သို့သော် အေးလည်းဖြေမည်မဟုတ်တာကြောင့် မသိချင်ယောင်ဆောင်ကာ ကျောပေးလိုက်ပါသည်။အခန်းထဲကထွက်ခါနီးတွင် နောက်ဖက်မှ
မောင့်အသံလေးက တိုးနေသော်လည်း သူကြားရဖို့တော့လုံလောက်ပါသည်။

MY Bad Elder Brother...Where stories live. Discover now