အပိုင်း(၃၂) unicode

487 6 0
                                    

ခွမ်း!!

" သားရေ လာ..လာပါဦး "

" ဗျာ! မေမေ လာပြီ "

‌ဖန်ခွက်ကျကွဲသံနှင့်အတူ မေမေ့ရဲ့စိုးထိတ်ကာစိုးရိမ်ပူပန်နေသည့်ခေါ်သံကြောင့် လွန်းအောက်ထပ်ကိုပြေးဆင်းရသည်။

" မေမေ ဘာဖြစ်တာလဲ "

" ကြည့်ပါဦး ဘယ်လိုဖြစ်ရတာလဲ သားရယ် သားငယ်ကရော "

" ရှိုင်းက အိပ်ပျော်နေတာပါ ဒါ..ဒါက "

အကြောင်းက နိုင်ငံတကာသတင်းတွင် ထိတ်လန့်စရာသတင်းဟူ၍တက်လာသည်။ ထိုသတင်းက ဦးရှိုင်းမင်းဆက်နှင့်ဒေါ်ခင်မမနွယ်၏ သားအရင်းနှင့်မွေးစားသားနှစ်ယောက် မရှင်းမရှင်းဖြစ်နေသည့်အကြောင်းများ။ လိင်တူကို အချို့က လက်ခံကြသလို အချို့ကလက်မခံကြပေ။ သို့သော် အများစုကလက်မခံနိုင်ပိုဖြစ်ရသည်။ ဘာကြာင့်ဆို ငယ်ငယ်တည်းကအတူကြီးပြင်းလာသည့်ညီအကိုတွေဖြစ်တာ‌ေကြာင့်ပင်။ သွေးသားမတော်စပ်ရုံသာ။

" မေမေ ဒါ..ဒါက ဘယ်လိုတက်လာရတာလဲ "

" မသိဘူး ဘယ်လိုတွေဖြစ်ကုန်ပြန်တာလဲကွယ် "

" ခနလေးမေမေ ရှိုင်းကိုသွားနှိုးဦးမယ် "

" အေးအေး "

ပြာပြာသလဲအပေါ်ထပ်ပြေးတက်သွားသည့် လွန်း၏ကျောပြင်ကို ငေးကြည့်ရင်း ဆိုဖာပေါ်အရုပ်ကြိုးပြတ် ထိုင်ကျသွားသည်။

" ရှိုင်း! ထတော့ "

" အင်းးး ၅မိနစ်လောက်အိပ်ပါရစေဦး "

" ရှိုင်း! ငါမင်းကိုထတော့လို့ပြောနေတယ် "

ဒေါသထွက်နေသည့်လေသံတော့မဟုတ်ပေမဲ့ အသံကမာနေသည်။ တစ်ခုခုကိုစိတ်ဆိုးနေပြီထင်၍ ရှိုင်းမှာ ကောက်ခနဲထထိုင်လိုက်မိသည်။

" ဘာ..ဘာလို့ဒေါသထွက်နေတာလဲဟင် မောင်ဘာမှားလို့လဲ "

" အဲ့လိုမဟုတ်ဘူး အခုငါနဲ့လိုက်ခဲ့ "

" ဘယ်လဲ "

" အောက်ထပ်ကို လာ မြန်မြန် "

" ဖြည်းဖြည်း "

ရှိုင်း၏လက်ကောက်ဝတ်မှကိုင်ကာ အောက်ထပ်ကိုပြေးဆင်းလာသည်။ တစ်ယောက်ကတော့ ဘာမှမသိသေးသဖြင့် ကြောင်တောင်တောင်ကြီးပါလာခဲ့သည်။

MY Bad Elder Brother...Where stories live. Discover now