အပိုင်း(၂၁)🔞

1.2K 22 2
                                    

Unicode

စာဖတ်သူတို့တောင်းပန်ပါတယ် တစ်တွဲလောက်ဖြုတ်ချင်လို့
ထူးဇော်နဲ့ဖြိုးသစ်ထွန်းပါ သူတို့အခန်းသိပ်မပါလို့ အတွဲများတော့လည်း ခေါင်းရှုပ်တာကြောင့်ပါ🥺

" အားးး မင်း... မင်းဘယ်လို.... "

တောက်!

လွန်း၏ လည်တိုင်ဆီမျက်နှာအပ်ရုံရှိသေးသည်။ ခေါင်းအား တစ်ခုခုနဲ့ရိုက်ခွဲခံလိုက်ရတာမို့ ကုတင်ပေါ်မှ ပြုတ်ကျသွားလေသည်။ ခေါင်းမှသွေးတို့အား လက်ဖြင့်ကိုင်ကြည့်ပြီး မိမိခေါင်းကို ရိုက်ခွဲလိုက်သူအား မော့ကြည့်တော့...

" ခွေးလိုကောင်! ခင်ဗျားထစမ်း "

" အား! မင်း!... "

ဂုတ်မှဆွဲထူခံလိုက်ရတာမို့ မတ်တပ်ထရက်ဖြစ်သွားသည်။

" ရှိုင်း..... "

တောက်!

" ဟာကွာ... "

ခွပ်! ခွပ်! ခွပ်

ဒုန်း!

ဝဏ္ဏအားသုံးချက်လောက်ဆက်ရိုက်ပြီး ဆောင့်တွန်းချလိုက်တာမို့ စားပွဲထောင့်စွန်းနှင့်ဆောင့်မိပြီး သတိလစ်သွားသည့် သ
ကောင့်သား.....

" ဟင့်... ရှိုင်း ငါ... "

" လွန်း... ကျုပ်တောင်းပန်ပါတယ် နောက်ကျသွားလားဟင် ကျုပ်... "

" ဟင့်အင်း.. ရောက်လာပေးလို့ကျေးဇူးတင်ပါတယ် ငါ...ငါကြောက်တယ် "

" ကျုပ်ရှိတယ် မကြောက်နဲ့တော့နော် ကျုပ်ခင်ဗျားပို ကာကွယ်ပေးမှာမို့ "

လွန်းအား ရင်ခွင်ထဲတွင် တင်းကြပ်နေအောင်ဖက်ထားမိသည်ထိ သူနာကျမိပါသည်။ မြတ်နိုးရတဲ့ ကောင်လေးကို တခြားတစ်ယောက်က လာထိတယ်ဆိုတဲ့အသိနဲ့တင် ယူကြုံးမရဖြစ်မိပါသည်။

လွန်းကိုယ်လေးအား ပွေ့ချီကာ ထိုနေရာမှထွက်လာခဲ့ပါသည်။ သတိလစ်နေသည့်ဝဏ္ဏအား ရှိုင်း၏တပည့်အချို့က တစ်နေရာကိုခေါ်သွားကာ ချုပ်နှောင်ထားခဲ့ပါသည်။

ကားပေါ်သို့ရောက်သည်နှင့် လွန်းကို ခါးပတ်ပတ်ပေးဖို့လုပ်တော့ ဖမ်းဆုပ်ခံလိုက်ရတဲ့လက်တစ်စုံ။

MY Bad Elder Brother...Where stories live. Discover now