အပိုင်း(၁၁)

1.3K 28 0
                                    

Unicode

တိန်... တိန်... ( လေယောဉ်ဆိုက်ရောက်ကြောင့် အသိပေးသံ )

လေယာဉ်ဆိုက်ရောက်သည်နှင့် လေဆိပ်တစ်ခုလုံး ဆူညံနေကာ ရုတ်ရုတ်သဲသဲဖြစ်လာသည်။

ရှိုင်းနှင့်monလေယာဉ်ပေါ်မှ ဆင်းပြီးနောက် ဘေးချင်ယှဉ်ကာ အပြင်ဘက်ကို လျှောက်လာခဲ့သည်။ ပြီးနောက် မှတ်တိုင်ရှိထိုင်ခုံတွင် monက ထိုင်နေလိုက်သည်။ ရှိုင်းကတော့ တစ်ယောက်ယောက်ကိုဖုန်းဆက်နေပုံရသည်။

" ခနစောင့်ဦး ခနနေ ကျုပ်အိမ်ကလူလာမှာ ခင်ဗျား မိသားစုကိုရှာမှာဆိုတော့ ကျုပ်အိမ်မှာနေလို့ရတယ် အခန်းလွတ်ရှိတယ် နေလို့ရတယ် "

" အင်း ကျေးဇူးဘဲ ခန့် "

ပိုင်စိုးပိုင်နင်း အသုံးအနှုန်းကြီးတော့ ရှိုင်းတစ်ခနတော့ ကြောင်အမိသည်။ သို့သော်လည်း အရေးမပါသလိုသာ တောင့်တောင့်ကြီးရပ်နေသည်။

၁၅မိနစ်လောက်နေတော့ သူတို့ရှေ့ကားတစ်စီးထိုးရပ်လာသည်။ ပြီးတော့ ကားထဲမှဆင်းလာတဲ့သူက...

" ခင်ဗျား... "

" အထင်မလွဲနဲ့ မင်းကိုလာကြိုဖို့ဘယ်သူမှမရှိလို့ ငါလာတာ "

" ဒါဖြင့် ခုနကဖုန်းကိုင်တာက... "

" ငါဘဲ "

" ကျုပ်ခေါ်တာခင်ဗျားကိုမဟုတ်ဘူး "

" သခင်လေးရယ် အချိန်ကိုကြည့် မင်းကိုကြိုဖို့ အားတက်သရော စောင့်နေတဲ့သူမရှိဘူး "

လွန်းကပြောတော့ ရှိုင်းက ဘာမျှမပြောဘဲ ကားထဲဝင်ထိုင်လိုက်သည်။

" Mon တက်လေ "

" အော် အင်း "

ရှိုင်းအသံကြားမှ Monက ထိုင်နေရာမှထကာ ခရီးဆောင်အိတ်အား သယ်ဖို့လုပ်တော့...

" ထားလိုက်mon သူသယ်လိုက်မယ် "

ရှိုင်းက သူမကို ပြောကာ လွန်းကိုမျက်စပစ်ပြသည်။ လွန်းမှာ သက်ပြင်းချရုံက လွဲပြီး ဘာမှမတတ်နိုင်ခဲ့...

( တစ်သက်လုံး မပြောင်းလဲမဲ့ကောင် )

လွန်းက စိတ်ထဲမှ ကြိတ်ကာပြောလိုက်သည်။လွန်းမျက်နှာက ရှိုင်းမြင်နေကျမဟုတ်ဘဲ မာနကြီးသည့်မျက်နှာဘေးရှိသည်။ ရှိုင်းကိုလည်း ဂရုမစိုက်ဘဲနေနိုင်သည့်ပုံပင်။ အရင်ကတော့ ထိုသို့မဟုတ်။

MY Bad Elder Brother...Where stories live. Discover now