အပိုင်း(၂၄) unicode

758 15 3
                                    

" မင်းကို မေးစရာတစ်ခုရှိတယ် "

" အင်း "

" လွန်းကိုအဲ့နေရာမှာဖမ်းထားတယ်ဆိုတာ မင်းကိုဘယ်သူအသိပေးတာလဲ ပြီးတော့ မင်းအဖေဆီကို ပို့လိုက်တာကရော ဘယ်သူလဲ ငါထင်တာတော့ တစ်ယောက်ထဲလို့ဘဲထင်တယ် ဒီလိုတွေဖြစ်လာအောင် တစ်ယောက်တည်းကဘဲ နှစ်ဖက်ချွန်လုပ်နိုင်တယ် "

ထွဋ်ခေါင်၏စကားအဆုံး စဉ်းစားမိသည်။ သူပြောတာလည်းအဓိပ္ပာယ်ရှိတာဘဲလေ...
အဲ့တုန်းကဝမ်းနည်းနေတာကြောင့် သူအဲ့တာတွေမတွေးမိခဲ့ဘူးလေ။ ခုဆို ၂လတောင်ကြာခဲ့ပြီ...

~~~~~

" ဖေဖေ! "

" ဟင်! သား ဘယ်တွေရောက်နေတာလဲ မေမေတို့မှာ စိတ်ပူနေကြတာ "

" ကျွန်တော်အဆင်ပြေပါတယ် မေမေ "

အိမ်ထဲခြေလှမ်းကြဲကြီးများဖြင့် ဝက်လာကာ ဖေဖေ့အားလှမ်းခေါ်တော့ မေမေကမီးဖိုခန်းထဲမှထွက်ခဲ့ပြီး ထိုသို့ဆိုသည်။ ဖေဖေကလည်း ခေါက်းညိတ်ကာထောက်ခံသည်။ စိတ်ပူတယ်ဆိုတဲ့သဘော...

" ဖေဖေ လွန်ခဲ့တဲ့နှစ်လက ကျွန်တော့်ကိုပြတဲ့ပုံတွေ ဘယ်ကရတာလဲ ဘယ်သူပေးတာလဲ "

" ရှိုင်းခန့်သော်! မင်းလက်မလွှတ်နိုင်သေးဘူးလား ခုချိန်ထိ "

" မဟုတ်ဘူးဖေဖေ ကျွန်တော်ပြီးမှသေချာရှင်းပြမယ် ကျွန်တော်မေးတာကိုဖြေပါ "

" ဟေ့ကောင် ငါကမင်းအဖေ ငါမေးတာအရင်ဖြေလေ "

" အရင်မေးတဲ့သူက ကျွန်တော်ပါဖေဖေ "

" ဟူးးး ရော့ဒီမှာကြည့်လိုက် ဘယ်သူလဲဝောာ့ငါလည်းမသိဘူး ငါ့ဆီပို့လိုက်တာ သူဘဲ "

( ဒါက အန်ကယ့်သားအရင်းက မွေးစားသားကိုဆက်ဆံတဲ့ပုံစံဘဲ ကျွန်တော်က မွေးစားသားဘက်ကနာပေးရုံပါ သနားဖို့ကောင်းတယ်လေ ကျွန်တော်ဘယ်သူလဲဆိုတာ ပြန်မမေးနဲ့ စုံစမ်းစရာလည်းမလိုဘူး သေချာတာတော့ သားရင်းဆီက မွေးစားသားကို ကာကွယ်ပေးချင်တဲ့သူဘဲ တစ်နေ့ကျွန်တော့်အကြောင်းစုံစမ်းခဲ့ရင် အန်ကယ်တို့နောင်တရစေရမယ် )

ပုံတစ်ချို့နှင့်အတူစာတစ်စောင်ကိုပို့ထားသည့် အကောင့်၏နံပါတ်အားကြည့်မိတော့
ထွဋ်ခေါင်မှန်းသည့်အတိုင်းပင်။ တစ်ယောက်တည်းဘဲ...

MY Bad Elder Brother...Where stories live. Discover now