အပိုင်း(၂၅) Unicode

702 17 0
                                    

" ဟယ်လို ဖေဖေ ရှာ..ရှာတွေ့လို့လား "

" ရှင်းပြရမှာရှည်တယ် အိမ်ကိုအရင်ပြန်လာခဲ့ "

" ဒါမဲ့ လွန်း.. "

" လွန်းကိုစိတ်မပူနဲ့ သူဘေးကင်းတယ် အရင်ပြန်ခဲ့ အကုန်ရှင်းပြမယ် "

" ... "

" ဘာတဲ့လဲ "

" လွန်း ဘေးကင်းတယ်တဲ့ အခုအိမ်ပြန်မှဖြစ်မယ် "

" တော်သေးတာပေါ့ သွားမယ် "

နှစ်ယောက်သားကားဖြင့် အခင်းဖြစ်သည့်နေရာမှ မောင်းထွက်လာခဲ့လိုက်သည်။
အိမ်ပြန်လမ်းတစ်လျှောက် ကားထဲတွင် သက်ပြင်းချသံမှလွဲ၍ မည်သည့်အသံမျှမထွက်။

မကြာခင်အိမ်သို့ရောက်လာခဲ့သည်။ထွဋ်
ခေါင်‌မှာကားပေါ်မှပြေးဆင်းပြီး အိမ်ထဲသို့ပြေးဝင်သွားသောရှိုင်းနောက်သို့ အပြေးလိုက်ရသည်။

" ထိုင်ကြ "

ဖေဖေကပြောမှ ဧည့်ခန်းဆိုဖာတွင် နှစ်ယောက်သားဝင်ထိုင်လိုက်သည်။

" လွန်း ဖေဖေ့ကိုဆက်သွယ်လာတယ် "

" ဗျာ! တကယ်လား သူဘာမှမဖြစ်ဘူးပေါ့ ဒါဖြင့် လွန်းခုဘယ်မှာလဲ "

" ပြင်သစ်မှာကျန်ခဲ့တဲ့တစ်ယောက်က လွန်းဘဲ "

" တော်...တော်သေးတာပေါ့ ဟူးးး "

ဆိုဖာပေါ်တွင် ခေါင်းမှီကာ သက်ပြင်းချလိုက်တဲ့ရှိုင်းက စိတ်အေးသွားသည့်ပုံဖြင့်။

" အဲ့တော့ လွန်းက ဘယ်ချိန်ပြန်ခဲ့မှာလဲ "

" မနက်ဖြန်မနက်ပြန်ခဲ့မှာတဲ့ "

" ဗျာ! ဒါမဲ့... ကျွန်တော်စိတ်မချဘူး "

" ဖေဖေလည်းတားပါသေးတယ် တားလို့မရတော့ ပြန်လာခိုင်းလိုက်တယ် "

‌ဖေဖေ့အား ခေါင်းသာညိတ်ပြလိုက်သည်။ နည်းနည်းတော့စိတ်အေးပေမဲ့ စိတ်ပူတုန်းပါဘဲ။

" သား သွားနားလိုက်တော့လေ မနေ့ညကလည်းမအိပ်ရသေးဘူးမလား ပင်ပန်းနေရောပေါ့ "

" ရပါတယ် ဖေဖေ ကျွန်တော်အဆင်ပြေတယ် "

Ring...

MY Bad Elder Brother...Where stories live. Discover now