အပိုင်း(၂၀)

986 16 2
                                    

Unicode

တကယ်ပါ မောင်ဟာ ငါ့ကိုအရမ်းချည်နှောင်လွန်းတယ်... ငယ်ငယ်တည်းက စိတ်ဒဏ်ရာရအောင် လုပ်လိုက် အပြုံးတွေနဲ့ချော့မြူလိုက်နဲ့ ခုချိန်ထိဘဲ
မောင်ပြုစားလွန်းပါတယ် အနာပေးလိုက် ဆေးပေးလိုက်နဲ့......

" အရေးကြီးပြောစရာဆိုတာဘာလဲ "

" ဒီလိုကွ မနေ့ကညကမင်းကိုငါ ဒီနေရာကိုလိုက်ပို့တယ်နော် "

" အင်းလေ "

" အဲ့တာ ငါတို့ကားနောက်ကို လိုက်တဲ့ကားရှိတယ် မသိမသာနဲ့ကပ်လိုက်နေတာ "

" ... "

ထွဋ်ပြောတော့ တွေးစစဖြင့် ငြိမ်ကျသွားသည့်ရှိုင်း။ ဘယ်သူများပါလိမ့်။ ဖေဖေ့ရဲ့လူရုံများလား ဖြစ်နိုင်ပါတယ်။

" ဖေဖေ့ရဲ့လူနေမှာပါ တစ်ခါတစ်လေငါ့ကိုလိုက်ချောင်းတာအဲ့ကောင်တွေ... "

" အဲ့လိုဆိုရင်တော့ကောင်းတာပေါ့ ဒါမဲ့ခုကားက taxiနော် ကိုယ်ပိုင်ကားမဟုတ်ဘူး "

အံ့ဩရပြန်ပါသည်။ ဘယ်taxiကများ ရှိုင်းတို့နောက်ကိုလာမှာတဲ့လဲ... တစ်ခုခုတော့ရှိနေတာသေချာတယ်...

• • • • •

" ခင်ဗျာ! ပူးပေါင်းဖို့တဲ့လား "

" ဟုတ်တယ် ရှင်ကျွန်မနဲ့ပူးပေါင်းပါ ရှင့်အတွက်အကျိုးအမြတ်ရစေရမယ် "

" ဘယ်လိုအကျိုးအမြတ်လဲ "

" ပိုက်ဆံ ပြီးတော့ ရှင်သဘောကျတဲ့ယောက်ျားသား "

" ... "

တွေဝေသွားသော လူအားကြည့်ကာ monကြိတ်လှောင်မိသည်။

' နင်တို့အခြောက်တွေကိုရှင်းရတာလဲထင်သလောက်မခက်ဘူးဘဲ '

" ကျွန်မပြောတဲ့လူကိုရှင်သိမယ်ထင်ပါတယ် ဘယ်လိုလည်း ကျွန်မနဲ့ပူးပေါင်းမလား "

" ကောင်းပြီလေ ငါမင်းနဲ့ပူးပေါင်းမယ် "

အောင်မြင်သွားပါသည်။ monနှင့် ခုနက လွန်းအတွက်နဲ့ ရှိုင်းနှင့်ရန်ဖြစ်လထုက်ရသည့်လူ။ ထိုလူ့နာမည်က စိုင်းဝဏ္ဏ...

" ကိုစိုင်းဝဏ္ဏ ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ "

" ... "

MY Bad Elder Brother...Where stories live. Discover now