အပိုင်း(၂၇) unicode

713 16 2
                                    

" ဘယ်သွားမလို့လဲ "

" အမနဒီဆီလေ မသွားချင်လို့လား "

" မဟုတ်ပါဘူး ငါလည်းအမကိုလွမ်းနေတာ ဒါနဲ့ မင်း အမကို အမလို့ခေါ်ပြီပေါ့ "

" အင်းး လွန်း.. ဘာမင်းလဲ မောင်လို့ခေါ်ပါဆိုနေမှ "

" အော်အင်း ယောင်သွားလို့ပါ မောင်ကလည်း "

မင်းဆိုပြီးသုံးခံလိုက်ရတဲ့ရှိုင်းက လွန်းဘက်အလျင်အမြန်လှည့်ကာ မျက်မှောင်ကြုတ်ကာဆိုသည်။ မောင်ဟုပြန်ခေါ်ပေးလိုက်မှ ခိုးပြုံးကာ တစ်ဖက်ပြန်လှည့်ကာ ကားကိုဆက်မောင်းနေပြန်သည်။ ကားမောင်းရင်းဖြင့်လည်း တစ်ချက်တစ်ချက်ခိုးပြုံးနေတာကြောင့် လွန်းခမျာ မနေနိုင်မထိုင်နိုင်ဖြစ်ရတော့သည်။

" မင်း... အာ.. မောင်ခိုးပြုံးနေတာလား "

" မပြုံးပါဘူး ပြုံးမိလို့လား "

" မဟုတ်တာ ပြုံးလိုက်ပါတယ် ငါမြင်လိုက်တယ် "

" ဟုတ်ပါတယ်ဗျ ကျွန်တော်ခိုးပြုံးလိုက်ပါတယ် အဲ့တာကလည်း ဟောဒီကမောင့်ချစ်သူလေးကို အသည်းယားလို့ပါခဗျ "

လွန်းပါးကို အသာအယာဖျစ်ညှစ်ရင်း Overလုပ်ကာ ပြောနေတဲ့ရှိုင်းကြောင့် ကြက်သီးထလာသလိုလို မအီမသာကြီးဖြစ်သွားရသည်။

" စ..စကားကို ပုံမှန်ပြောစမ်းပါ "

" ဟုတ်ကဲ့ခဗျ "

" တော်..တော်ပြီ ကားကို‌ဘဲသေချာမောင်းတော့ မင်းနဲ့မပြောတော့ဘူး "

" ဟော..မင်းတဲ့ ခေါ်ပြန်ပြီ မောင်မင်းကို တစ်ခုပြောမယ် မင်းလို့တစ်ခါခေါ်ရင် တစ်ခါနမ်းမယ် ခေါ်ရဲသေးလား မင်းလို့ "

" ဟို.. အဲ့တာက ပြင်ရင်ရပါတယ် အကျင့်မဖြစ်သေးလို့ပါ "

" ဘာဘဲဖြစ်ဖြစ် ဒါ‌မောင့်ရဲ့စည်းမျဉ်းဘဲ "

ဂိမ်းတစ်ခုလိုစည်းမျဉ်ချမှတ်နေတဲ့ရှိုင်းကြောင့် လွန်းဆကြာင်အသွားသည်။ ကလေးလည်းမဟုတ်ပါဘဲလေ။

" ဒါဆို ငါလည်းစည်းမျဉ်းတစ်ခုချမှတ်မယ် "

" ရတယ်လေ မောင်လုပ်နိုင်ရင်ဘာစည်းမျဉ်းမဆိုဖြစ်တယ် "

MY Bad Elder Brother...Where stories live. Discover now