Chapter 23

12.1K 1.4K 129
                                    


[Unicode]

မာမားယွမ်တစ်ယောက် လက်နှစ်ဖက်အပြည့်အထုပ်ကြီးအထုပ်ငယ်အသွယ်သွယ်ဆွဲလို့ အိမ်ထဲဝင်လာသည်။ အထုပ်တွေများလွန်းတာမှ လမ်းလျှောက်ဖို့အတွက်တောင် အောက်ကိုမမြင်ရဖြစ်ကာ ဖိနပ်စင်ကိုခလုတ်တိုက်မိတော့သည်။

ပါပါးယွမ်က သူမကိုအမြန်လှမ်းဆွဲလိုက်ပြီး သူမလက်ထဲကပစ္စည်းထုတ်တွေကိုယူကာ အံ့အားသင့်စွာဖြင့်မေးသည်

"မင်းဘာလို့ ပစ္စည်းတွေဒီလောက်အများကြီးဝယ်လာတာလဲ? ဒါတွေအကုန်လုံးက ဘာတွေလဲ....ဘီစကစ်တွေ? အအေးတွေ? မင်း ပုံမှန်ဆို ဒီဟာတွေမဝယ်တတ်ပါဘူး"

မာမားယွမ် ရှင်းပြလာပြီး သူမကြည့်ရတာစိတ်လှုပ်ရှားနေသည်

"ချွေးမက မျက်နှာလာပြမယ်ဆို ဘာတွေပြင်ဆင်ထားဖို့လိုအပ်လဲလို့ အလုပ်က လုပ်ဖော်ကိုင်ဖက်တွေကို မေးကြည့်လိုက်တာ။ ဒါပေမဲ့ ကျွန်မတို့မိသားစုအခြေအနေက ထူးခြားတယ်လို့ခံစားမိပြီး သူတို့ပြောတဲ့အကြံပေးချက်တစ်ခုကမှ သေသေချာချာပြည့်စုံတာမျိုးမရှိဘူး။ အဲ့တာနဲ့ပဲ နောက်ဆုံး သူတို့ပြောသမျှအကုန်ဝယ်လာလိုက်တာ"

ပါပါးယွမ် : . . .

ယွမ်ယွမ် သူတို့ဆီဖုန်းဆက်ကာ အခြေအနေအကျိုးအကြောင်းပြောပြလာတုန်းကအခိုက်အတန့်ကို သူမှတ်မိနေသေးသည်။ မာမားယွမ့်မျက်နှာက ကြောက်လန့်စကားကောင်းအောင်ကို မှောင်မည်းပုတ်သိုးသွားတော့သည်။ သူမ ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး ချက်ချင်းပဲဖုန်းကိုပစ်ပေါက်တောင်မယောင်နှင့် အဆုံးမှာတော့ ယွမ်ယွမ်က သူ့မကို တစ်ခုခုပြောလာပြီး သူမလည်း တဖြည်းဖြည်း စိတ်ပြန်ငြိမ်သွားတော့သည်။ ဒါပေမဲ့ ဆက်ပြောလာသည် "မင်းရည်းစားလေးကို မြန်မြန်အိမ်ခေါ်လာလိုက်တာပိုကောင်းမယ်"ဆိုသည့်စကားသံတို့က အပြစ်တင်ဆူပူသံယောင်ယောင်နှင့် မာကျောခက်ထန်နေဆဲပင်။

ဒါပေမဲ့ အခုကျတော့လည်း ဈေးဝယ်စင်တာတစ်ခုလုံးကို အိမ်ထဲအပါရွှေ့လာချင်သလားထင်ရသည်။

"သူတို့တွေ ဘာလို့ အခုထိမရောက်ကြသေးတာလဲ?"

မာမားယွမ်က သူမ၏လက်ပတ်နာရီကိုငုံ့ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။

Loneliness (Completed)حيث تعيش القصص. اكتشف الآن