Chapter 4

10K 1.4K 18
                                    

[ Unicode ]

ဟိုတယ်အခန်းအတွက် အွန်လိုင်းကနေ ကြိုပြီး ဘိုကင်တင်ထားဖြစ်သည်။ ဟိုရောက်တော့ ရှောင်ကျိုးနှင့် စီနီယာတို့သားအမိကို Family roomမှာပေးနေလိုက်ကြပြီး သူတို့ယောကျ်ားလေး လေးယောက်ကတော့ နှစ်ယောက်ခန်းနှစ်ခန်းမှာပဲ နေလိုက်ကြသည်။

အံ့သြစရာမရှိ... သေချာပေါက် ချန်တုံလန်နှင့် ယွမ်ယွမ်တို့နှစ်ယောက်က တစ်ခန်းအတူနေကြရသည်။

ပိတ်ရက်ဆိုတော့ ဟိုတယ်က ဧည့်အဝင်များပြီး စီနီယာတို့တစ်ခန်းပဲ viewမြင်ရတဲ့အခန်းရလိုက်သည်။ ကျန်တဲ့နှစ်ခန်းကတော့ ရှုခင်းကြည့်လို့ရဖို့နေနေသာသာ ပြတင်းပေါက်လေး ဖွင့်လို့ရရုံသာရှိသည်။

(beachသွားရင် ဟိုတယ်တွေမှာ sea view, garden viewတို့ရှိသလိုမျိုးပါပဲ။ ဒီမှာကျ မျက်နှာစာခန်းဘက်ကိုမရဘူးဆိုတဲ့သဘောပါ)

ယွမ်ယွမ်ကတော့ ထို့အတွက် သိပ်ဘဝင်မကျလှ။ ဒီခရီးကိုစီစဥ်ထားရတာ လွယ်တဲ့ကိစ္စမဟုတ်တာကို အခန်းကောင်းကောင်းမှာ မနေရတာတော့ နှမြောစရာပင်။

ချန်တုံလန့်အဖို့ကတော့ ဒီအနေအထားက အရမ်းအရမ်းကို ကျေနပ်စရာကောင်းနေပြီ။ တံခါးဖွင့်ဝင်လိုက်တာနှင့် တီဗီအကြီးကြီးဆီကနေ အကြည့်တွေမခွာနိုင်တော့။ တီဗီကတော်တော်ကြီးသည်ပြောရမည်။ သူတို့အရင်အိမ်မှာရှိတဲ့တီဗီထက်ကို နှစ်ဆလောက်နီးနီးကြီးသည်။

"ငါတို့ ဒီကိုလာတာ တောင်တက်ဖို့ ရေဆော့ဖို့နော်။ တီဗီကြည့်ဖို့မဟုတ်ဘူး။"

"သိပါတယ်" ချန်တုံလန် ခေါင်းငြိမ့်ပြသည် "ငါက ဒီတိုင်းပဲ အရမ်းပျော်လို့ပါ"

ယွမ်ယွမ့်အတွေးထဲမှာတော့ ချန်တုံလန့်ပုံက နွေဦးမှာ အပျော်ခရီးထွက်ရလို့ ပျော်နေတဲ့ မူလတန်းကလေးလေးတစ်ယောက်လို့သာ မြင်နေမိသည်။

စီနီယာ့သမီးလေးအေမီက ရွှေရောင်ဖျော့ဖျော့ဆံပင်လေးတွေနဲ့ ကပြားရုပ်လေးနှင့် မင်းသမီးလေးလိုချစ်ဖို့ကောင်းသည်။ စီနီယာက အသက်ငယ်ငယ်နှင့် ကလေးရတာဖြစ်တဲ့အပြင် မျက်နှာကလည်း ကလေးမျက်နှာလေးနှင့်ဆိုတော့ ဘယ်လိုမှ အေမီလေးအမေပါလို့ ထင်နိုင်စရာမရှိ။

Loneliness (Completed)Where stories live. Discover now