Yuan Yuan

5.5K 413 36
                                    


[Unicode]

8/20

ဒီနေ့ Lonelinessလေး ကိုယ့်လက်ထဲရောက်တာ တစ်နှစ်ပြည့်တဲ့ နေ့ပါ။ WPပေါ်တင်ဖြစ်တာတော့ တစ်နှစ်မပြည့်သေးဘူး၊ လပိုင်းလောက် လိုသေးတယ်ရယ်။

လွမ်းလည်းလွမ်းတာနဲ့ ကိုယ့်အစ်မတစ်ယောက်က ယွမ်ယွမ်နဲ့ပတ်သက်ပြီး သုံးသပ်ပေးထားတာလေးကို မျှဝေပေးလိုက်ပါတယ်။

Lonelinessက တကယ် ကိုယ့်ကိုယ်ပိုင်နေရာလေးလိုပဲ၊ ဒီnoteလေးဝင်တင်တာကတင်ကို ကိုယ့်ရင်ထဲ နွေးထွေးရတယ်။

အောက်က အကြောင်းအရာတွေကိုဖတ်ရင်း ယွမ်ယွမ့် ပုံစံကို မမှတ်မိတော့လို့ storyလေးပြန်ဖတ်ပြီးမှ လိုက်ခံစားမယ်ဆိုလည်း Rileyလေးက စိတ်မဆိုးပါဘူးလို့ >< ဟီး

ယူတို့ဆီမှာလည်း Loneliness, တုံလန်၊ ယွမ်ယွမ်တို့နဲ့ ပတ်သက်လို့ အမြင်လေးတွေ ခံစားမိတာလေးတွေရှိရင် ပြောသွားလို့ရပါတယ်နော်...

ဒါနဲ့ သေချာသုံးသပ်ပေးတဲ့ ကိုယ့်အစ်မကို တကယ် တကယ် ကျေးဇူးတင်ပါတယ်၊ fully creditပါနော် 🤍

...

.

.

ဒီ Loneliness လေးက Riley အခု second time တင်မှ ကိုယ် ongoing ဖတ်ဖြစ်တာပါ... အမှန်တိုင်းပြောရရင်...သူ့ကိုဖတ်လာတဲ့ တောက်လျှောက် အရမ်းကြီး စိတ်ထဲစွဲပီး နှစ်နှစ်ကာကာဖြစ်တာ သိပ်မရှိဘူး.. AH တို့ ရှရှင်းချန်တို့လောက်ပေါ့...ဖတ်တာအေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးပဲ... ဆိုပေမယ့် စာတိုင်းကိုပေါ့ပေါ့တန်တန်ဖတ်လေ့မရှိတာမို့...ဇာတ်ကောင်တိုင်းကို ဖမ်းမိပါတယ်...အရမ်းမစွဲတာတစ်ခုပဲ...ဒါပေမယ့် အခုအားလုံးပီးသွားတော့ ခံစားချက်ကတစ်ခုခုပဲ...ဘာလဲဆိုတာသေချာမဆန်းစစ်ရသေးတော့ မပြောတတ်သေးဘူး...ပထမဆုံး gong(seme) အကြောင်းလေးအရင်ပြောချင်လို့.... ဒီထဲမှာ ယွမ်ယွမ်ရဲ့ character က လုံးဝကို သာမန်ဆန်နေတယ်...အရမ်းကို simple ဖြစ်တယ်...simple တာမှ ထူးထူးခြားခြား တစ်စုံတစ်ခုမှာ ထိုးထွက်သာလွန်နေတဲ့ဟာမျိုးမတွေ့ရဘူး..ရုပ်ရည်ဖော်ပြချက်ရော..အရည်အချင်းရောပဲ...အပြင်မှာရှိမယ့် သာမန်လူတန်းစား အမျိုးသားကောင်းသား ရိုးရှင်းတဲ့ ကာရိုက်တာလေးးးတစ်ခု....

Loneliness (Completed)Where stories live. Discover now