Chapter 6

9.4K 1.5K 30
                                    

[ Unicode ]

ယွမ်ယွမ် သူ့အကြောင်းသူကောင်းကောင်းသိသည်။ ပြောရရင် သူက အရမ်း ကပ်တက်တက်နိုင်တဲ့လူတစ်ယောက်။

ဥပမာပြောပြရရင် သူနှင့် ရင်းနီးတဲ့ ခရီးဝေးဧည့်သည်တစ်ယောက် မြို့ကိုအလည်လာတုန်းက သူ ဟိုတယ်စီစဥ်ပေး၊ ဂိုက်သဘောမျိုးလုပ်ပေးပြီး တောက်လျှောက်ဧည့်ဝတ်ကျေကျေ ဆက်ဆံပေးခဲ့ပေမယ့် သူ့အိမ်မှာလာနေဖို့ကိုတော့ လုံးဝခွင့်မပြုခဲ့။

သူ သူ့ပတ်ဝန်းကျင်က လူတိုင်းကို ကောင်းကောင်းမွန်မွန် သေသေချာချာ ဂရုတစိုက်ဆက်ဆံလေ့ရှိသည်။ လူတိုင်းက သူ့ကို သေချာတွေးပေးတတ်တဲ့လူ၊ သူ့နားမှာရှိနေရင် သူတို့လုံခြုံသလိုခံစားရတယ်လို့ အမြဲပြောကြသည်။ ဒါပေမယ့် ယွမ်ယွမ် သူ့ကိုယ်သူ သိသည်။ သူ ထိုလူတွေအပေါ် အပေါ်ယံမျှလောက်သာ သတ်မှတ်ကာ ဆက်ဆံဖြစ်တာဖြစ်၏။

နောက်ပြီး အခြားလူတွေက သူ့အပေါ်အကောင်းလွန်နေတာမျိုးတွေကို သူမလိုလား။ထိုသို့ဖြစ်မိသည်မှာ အဲ့လို အဆက်ဆံခံရရင် ထိုလူအပေါ်အကြွေးတင်နေပြီး နောက်ကျရင် တစ်နေ့နေ့ ထိုအကြွေးပြန်ဆပ်ရမယ်ရယ်လို့ ခံစားမိတာကြောင့်ဖြစ်၏။

လူတွေက ကိုယ့်ပေါ်အရမ်းကောင်းနေပြီဆို သေချာသည်၊ သူကိုယ့်အပေါ်က တစ်ခုခုပြန်လိုချင်နေလို့သာ အဲ့လို အလွန်အကျွံတွေကောင်းပြနေခြင်းပင်။ သူကတော့ ရှင်းရှင်းပဲ သူကလည်း အကျိုးမျှော်ပြီး ကူညီတယ် ပေါင်းသင်းတာမျိုးမရှိ၊ သူ့ပေါ်အဲ့လိုလာလုပ်ရင်လည်း လက်မခံ။

သူ ချန်တုံလန်ထမင်းဟင်းချက်ပေးတာကို လက်ခံပေမဲ့ ပန်းကန်တော့ မဆေးခိုင်း။ ချန်တုံလန် သူ့ဖို့ မွေးနေ့လုပ်ပေးတာကို လက်ခံပြီးလုပ်ခိုင်းမိတဲ့အပြင် ဒီကိစ္စက အခြားချိန်းထားတဲ့ကိစ္စလောက် အရေးပါတာလည်းမဟုတ်ဘဲ ရှေ့တန်းတင်မိသည်။ သူ အိမ်ပြန်လာတဲ့ ညနက်ကြီးအထိ ချန်တုံလန့်ကိုစောင့်ခိုင်းထားမိသည်၊ ဒါပေမယ့် သူ ချန်တုံလန့်ကို သူ့အတွက် အမူးပြေစွတ်ပြုတ်ချက်ပေးမယ်ဆိုတာတော့ သူ လက်မခံခဲ့...

ထိုနည်းတူပဲ ချန်တုံလန် သူ့ကို အခင်ဆုံးသူငယ်ချင်းအနေနှင့် သဘောထားဖို့ကို သူ လက်ခံပေမယ့် သူ တစ်ယောက်တည်းပေါ်မှာပဲ မှီခိုနေတာမျိုးကို ဆက်ပြီး ခွင့်မပြုခဲ့...

Loneliness (Completed)Where stories live. Discover now