Chapter 25 - Extra 2

13.1K 1.5K 157
                                    

[Unicode]

ညနေပိုင်းနောက်ဆုံးအတန်းချိန်မှာ ရုတ်တရက် ကောင်းကင်တစ်ခုလုံး ညို့မှိုင်းတက်လာသည်။ ကျယ်လောင်လှသည့်မိုးခြိမ်းသံက စာသင်ခန်းထဲရှိကျောင်းသားတို့ကို အာရုံပျက်အောင်နှောင့်ယှက်လိုက်သည်။ ဆရာမက စားပွဲကိုပုတ်လိုက်ပြီး အားလုံးကိုတိတ်တိတ်နေဖို့ပြောသည်။

ငါးမိနစ်အကြာမှာ မိုးစတင်ရွာချလာတော့သည်။ မှိုင်းညို့နေသည့်တိမ်မည်းတိမ်စိုင်တို့က ကောင်းကင်တစ်ခွင်အပြည့်အယှက်နေရာယူလိုက်ကြပြီး မိုးစက်မိုးပေါက်ဖြိုင်ဖြိုင်ရွာသွန်းသံတို့က ဆရာမရဲ့အသံကိုပင်လွှမ်းသွားတော့သည်။

ချန်တုံလန် ဒီနေ့ထီးမယူလာမိ။ ခေါင်းငုံ့ကြည့်လိုက်တော့ သူcanvasဖိနပ်ကိုစီးထားသည်။

ကျောင်းဆင်းခေါင်းလောင်းထိုးတော့ သူငယ်ချင်းနှင့် ထီးအတူငှားဆောင်းသည့်လူကဆောင်း အိမ်ကမိဘက လာကြိုပေးတဲ့လူကအသင့်အိမ်ပြန်ကြသည်။ ချန်တုံလန်ကတော့ သူထီးသွားဝယ်ရမလား မဝယ်ရကောင်းမလား စဉ်းစားပေမဲ့ မိုးသည်းနေသည့်အနေအထားကိုကြည့်လိုက်ပြီး ဆိုင်မရောက်ခင်တင်ရွှဲရွှဲစိုကုန်မှာအသေအချာပဲမလို့ ထိုအတွေးကိုလက်လျှော့လိုက်ရတော့သည်။

ကျောင်းဆောင်ရှေ့မှာ ချန်တုံလန် သူ့ကျောင်းအင်္ကျီအပေါ်ထပ်လက်ရှည်ကိုချွတ်ကာ ခေါင်းပေါ်မိုးပြီး မိုးရေထဲပြေးသွားမလို့အလုပ် အနောက်ကနေ တစ်ယောက်ယောက်က လှမ်းခေါ်လာတာကို ကြားလိုက်ရသည်

"နေဦး"

သူ နောက်ကိုလှည့်ကြည့်လိုက်တော့ ထိုလူက ယွမ်ယွမ်ဖြစ်သည်။

ယွမ်ယွမ့်လက်ထဲမှာ ထီးရှည်တစ်လက်ကိုကိုင်ထားသည်။ သူ ချန်တုံလန့်မျက်နှာကိုတည့်တည့်ကြည့်ရင်းက ခေါင်းပေါ်က ကျောင်းအင်္ကျီကိုကြည့်ပြီး အဲ့နောက် သူ့မျက်နှာကိုပြန်ကြည့်လာသည်

"ချန်တုံလန် မင်း ထီးမပါလားဘူးလား?"

ချန်တုံလန် ကြက်သေသေသွားရပြီး အပေါ်အင်္ကျီကို ခေါင်းပေါ်တင်လျက် စောစောကအနေအထားအတိုင်းကိုင်လို့ထားဆဲပင်

Loneliness (Completed)Tahanan ng mga kuwento. Tumuklas ngayon