Chapter 10

8.5K 1.4K 27
                                    

[ Unicode ]

ချန်တုံလန် အိမ်ပြန်ပြောင်းလာနောက် သူတို့အရင်လိုပဲပြန်နေဖြစ်ကြသည်။

ချန်တုံလန်လည်း ဒီလိုလေးပြန်နေရတာကို ကျေနပ်နေမိသည်။

ဒီနေ့မနက်...

ချန်တုံလန့်ဆီ သူ့ ညီ ရှောင်ထယ့်ဆီကနေဖုန်းဝင်လာသည်။ ယွမ်ယွမ် နိုးသွားမှစိုးတာနှင့် သူ ဝရံတာဆီထွက်လာလိုက်ပြီး တံခါးကိုသေချာပြန်ပိတ်ပြီးမှ ဖုန်းကိုင်လိုက်သည်။

နေကလည်းမထွက်သေး ဝရံတာမှာလေကလည်းတိုက်နေတော့ တော်တော်လေး အေးသည်။

"ရှောင်ထယ့်?"

"ကော?" ရှောင်ထယ့်အသံက ပြောင်းမသွား။ ရှောင်ထယ့်က အထက်တန်းဂျူနီယာနှစ်လောက်ထဲကစပြီး သွက်သွက်လက်လက် ပွင့်ပွင့်လင်းလင်းရှိလှသည်။

"ကော၊ ကျွန်တော့် ကောင်မလေးနဲ့ ကျွန်တော် ဒီနေ့ည ဆယ်နာရီဝန်းကျင်လောက် ရောက်မယ်သိလား။ မားက ကျွန်တော့်ကို လေယာဉ်ပေါ်မတက်ခင် ကောဆီအတင်းဖုန်းဆက်ခိုင်းနေလို့။ အဲ့တာမှ ကျွန်တော်တို့ကို ကော လာကြိုလို့ရမှာဆိုပြီး။"

"ဟုတ်ပြီ" အေးနေတော့ ချန်တုံလန် အေးနေတာနဲ့ပဲ လက်ပိုက်လိုက်ကာ "ငါ ကိုးနာရီလောက်လေဆိပ်အရောက်လာပြီးစောင့်နေလိုက်မယ်။"

ရှောင်ထယ့် အလောတကြီးပြောလာသည် "တကယ်တော့ ကော ကျွန်တော့်ကို လာကြိုစရာမလို..."

"ငါလာကြိုရမယ်။ မင်း T city ကို ပထမဆုံးပြန်လာတာလေ။ ပြီးတော့ မင်းဒီကိုပြန်မလာဖြစ်တာကြာလှပြီ။ တစ်ခုခုဖြစ်ခဲ့ရင် ငါ မားနဲ့ ဦးလေးရှုတို့ကို ပြန်ရှင်းဖို့က လွယ်တာမဟုတ်ဘူး။" ချန်တုံလန်က ပုံမှန်ဆို စကားနည်းလှတယ်ဆိုပေမယ့် ရှောင်ထယ့်နှင့်ကတော့ သူ့ဘက်က ပေါက်ပေါက်ဖောက်ပေးရသည်။

ရှောင်ထယ့်ဒီမှာရှိနေတဲ့တစ်လျှောက်မှာ မတော်တဆတို့ ပြဿနာတက်တာ ဘာညာ ဖြစ်သွားလို့လုံးဝမဖြစ်။

"ကောင်းပြီ ကောင်းပြီ။ အဲ့တာဆို ကျေးဇူးပဲ၊ ကော။" ရှောင်ထယ့်ကြည့်ရတာ သူ့သူငယ်ချင်း ဆိုသူနှင့် စိတ်လွတ်လက်လွတ်ပျော်နေပုံရသည်။

Loneliness (Completed)Where stories live. Discover now