Chapter 11.2

8.2K 1.4K 30
                                    


[ Unicode ]

ယွမ်ယွမ့်မိဘတွေက အလုပ်သရဲတွေဖြစ်သည်။ သူတို့ကလေးကို ဂရုတစိုက် ပြုစုစောင့်ရှောက်ရတာထက် သူတို့ အလုပ်ကို ဂရုစိုက်ကြဖို့ ပို စိတ်ရှိကြသည်။ ယွမ်ယွမ့်ကိုလည်း ထိုအမွေပေးထားသည်။ ယွမ်ယွမ် အိမ်ရောက်သွားတော့၊ သူ့မိဘတွေက အလုပ်မှာပဲရှိကြသေးသည်။ သူ ဘေးအိမ်အိမ်နီးချင်းဖြစ်တဲ့ အဖွားဝမ်ဆီကနေ အိမ်သော့သွားယူလိုက်ရသည်။ အထုတ်အပိုးတွေချပြီးတာနဲ့ ဖုန်းထုတ်လိုက်ပြီး ရုံးမှာအချိန်ပိုဆင်းနေကြတဲ့လုပ်ဖော်ကိုင်ဖက်တွေဆီဖုန်းဆက်ကာ အလုပ်ကိစ္စပဲထိုင်ဆွေးနွေးနေလိုက်သည်။

ပါးပါးယွမ်နဲ့ မာမားယွမ်တို့အိမ်ပြန်ရောက်ကြတော့ ညခုနစ်နာရီရှိလို့နေပြီ။ ယွမ်ယွမ် ဖုန်းပြောနေတာကလည်း အခုလေးတင်မှ ချလိုက်ရတာဆိုတော့ အာတွေခြောက်နေပြီ။ သူ့မိဘတွေကိုအရင်သွားမနှုတ်ဆက်ခင် ရေတစ်ခွက်အရင်သွားသောက်လိုက်သည်။

မာမားယွမ်က သူ့အနေအထားကို တစ်ချက်အကဲခတ်လိုက်ပြီး စိတ်ပျက်လက်ပျက်နှင့်ပြောလာသည်

"အခုထိ ကောင်မလေးမရှိသေးဘူးလား?"

ယွမ်ယွမ်ရယ်ကာ

"စိတ်ပျက်စေမိတဲ့အတွက် တောင်းပန်ပါတယ်။"

မာမားယွမ်က မျက်မှောင်ကြုတ်ပြီးပြောသည်

"အဖေအတိုင်းပဲ အသုံးကိုမကျဘူး။"

ပါပါးယွမ်ကတော့ သူမမှတ်ချက်ကို ဘာမှမတုန့်ပြန်ဘဲ မီးဖိုချောင်ထဲဝင်သွားကာ လက်ဆေးလိုက်ပြီး ဟင်းချက်ဖို့ ပြင်ဆင်နေသည်။

ယွမ်ယွမ် သူ့ပါပါးနောက်ကိုလိုက်သွားပြီး "ပါး ကျွန်တော်ကူပေးမယ်။"

ပါပါးယွမ်က သူ့ကို အကြည့်စိမ်းကြီးနှင့်ကြည့်ကာ "မကူနဲ့။"

စပ်စုဖို့ရောက်လာတဲ့ မာမားယွမ်ကိုပြောသည် "သူကို့အပြင်ခေါ်ထုတ်သွားချည့်။"

ယွမ်ယွမ်က မကျေမနပ်နှင့် "ကျွန်တော်ဘယ်လိုကူပေးရမယ်ဆိုတာသိပါတယ်။"

ပါပါးယွမ်ကတော့ လက်မခံသေးပေမယ့် မာမားယွမ်ကတော့ သူပြောတာယုံသွားပြီး

Loneliness (Completed)Where stories live. Discover now