Chapter 2

12.6K 1.7K 104
                                    


[ Unicode ]

ချိန်းထားတဲ့နေရာကို ယွမ်ယွမ်ရောက်သွားတော့ အကုန်လုံးရဲ့မျက်နှာတွေက နီရဲလို့၊ အားလုံးမူးနေကြပြီ။

သူ့ကိုလည်းမြင်သွားကြရော သူ့ကို အမူးတိုက်ဖို့ ထပ်သောက်ကြမယ်ဟေ့ဆိုပြီးအော်ဟစ်ကုန်ကြသည်။ ယွမ်ယွမ့် အရက်သောက်နိုင်နှုန်းက မဆိုးဘူးဆိုပေသည့် အရက်အမျိုးမျိုး ရောစပ်ထားသည်ကို သောက်ခိုင်းလေတော့ သူလည်းပဲ ရီဝေကာ ချာလည်လည်ရတော့သည်။ ညလယ်လောက်ရောက်တော့မှ သူတို့အုပ်စု လူစုခွဲဖြစ်ကြသည်။ ယွမ်ယွမ်တစ်ယောက် အိမ်အပြန်မှာ လမ်းတောင်ဖြောင့်အောင်မလျှောက်နိုင်တော့။

သူအိမ်ပြန်ရောက်သွားတော့ အိမ်ထဲမှာ မီးလင်းလို့နေဆဲ။ ချန်တုံလန်က ဆိုဖာမှာထိုင်ပြီး တီဗီကြည့်နေသည်။ အစီအစဥ်တင်ဆက်သူရဲ့ ရယ်သံ အာကျယ်အာကျယ်က အိမ်ခန်းတစ်ခုလုံးကို လွှမ်းလို့၊ ညလယ်ပိုင်းလောက်မှာ ပြန်ပြနေကြရသစုံအစီအစဥ်က တစ်ကျော့ပြန်လာနေတာဖြစ်သည်။

"မင်းမအိပ်သေးဘူးလား?"

သူ အံ့သြတကြီး မေးလိုက်သည်။

ချန်တုံလန်က တီဗီအသံကို တိုးလိုက်ပြီး

"စောစောကမှ အလုပ်ပြီးတာ။ အိပ်လို့မပျော်သေးတာနဲ့ တီဗီခဏထိုင်ကြည့်နေလိုက်တာ"

ချန်တုံလန်က ဓာတုဗေဒမေဂျာနှင့် ကျောင်းပြီးထားပြီး လက်ရှိ ဆေးဝါးကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေသည်။ ယွမ်ယွမ် မှတ်မိသလောက်ဆို ချန်တုံလန့်ကို အိမ်ပြန်ရောက်ပြီးမှ နောက်ကျတဲ့ထိ အလုပ်လုပ်နေတာမျိုး မြင်ရတာ ဒါ ပထမဆုံးအကြိမ်ပင်။

ယွမ်ယွမ် သူ့ခေါင်းသူပွတ်သပ်လျက် "စောစောနားတော့လေ။ အခုတောင် တော်တော် ညဥ့်နက်နေပြီ။ ဒီထက်နောက်ကျရင် အိပ်ပျော်ဖို့ပိုခက်သွားလိမ့်မယ်"

ချန်တုံလန် သက်ပျင်းညှင်းညှင်းချကာ တီဗီပိတ်လိုက်လေသည်။ ယွမ်ယွမ် သူလုပ်တဲ့ပုံကိုကြည့်ရုံနှင့် ခံစားမိသည်...သူသာ "မင်းမအိပ်စရာမလိုပါဘူး၊ တစ်ညလုံးတီဗီပဲထိုင်ကြည့်နေ"လို့သာပြောမိရင် ချန်တုံလန်က သူပြောတဲ့အတိုင်း တစ်သွေမသိမ်းလိုက်လုပ်မယ်ဆိုတာ အသေအချာ။

Loneliness (Completed)Where stories live. Discover now