Chapter 17

9K 1.3K 96
                                    


[Unicode]

Chapter 17

ယွမ်ယွမ် သူ နားချင်တယ်လို့ ပြောလိုက်ပေမဲ့ အခန်းထဲရောက်တော့ စားပွဲရှေ့မှာထိုင်ကာ ခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ထားလျက် တိတ်တိတ်လေး တွေးဆနေမိသည်။

တလောက သူ ရှောင်ကျိုးကို ပြောလိုက်သည့် တစ်ယောက်ယောက်နှင့် တွဲတဲ့ဆက်ဆံရေးအပေါ်စိတ်ဝင်စားမှုလုံးဝမရှိဘူးဆိုသည့်စကားက တကယ်အမှန်ဖြစ်၏။

ဆယ်ကျော်သက်အရွယ်ကစလို့ အခုလက်ရှိ အရွယ်ရောက်သည်ထိ တစ်ယောက်ယောက်အပေါ် "ချစ်ခြင်းမေတ္တာ"ဆိုသော ခံစားချက် ဖြစ်ပေါ်တည်ရှိလာသည့် အတွေ့အကြုံမျိုးလုံးဝမခံစားခဲ့ဖူးပေ။

ထိုကဲ့သို့သော ချစ်ခြင်းမေတ္တာက သူ့အတွက်တော့ လက်ဆုပ်လက်ကိုင်မပြနိုင်သည့် အရာတစ်ခု ဖြစ်သည်။ သူ့အနေနှင့်တော့ ချစ်ခြင်းမေတ္တာဆိုတာ သူ့မိဘနှစ်ယောက်အကြားမှာ မြင်တွေ့နေရသည့် ဘဝတစ်လျှောက်အတူတကွဖြတ်သန်းပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ပံ့ပိုးပေး၊ နားလည်ပေးတာမျိုးဖြစ်သည်။ သူ့အတွက် အနှီ ချစ်ခြင်းမေတ္တာမျိုးကို တကူးတက ရှာဖွေနေစရာမလိုဟု ယွမ်ယွမ်ခံစားမိသည်။

ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ကိုယ့်ကိုစိတ်ချမ်းသာစေသည့် နှစ်သိမ့်ပေးနိုင်သည့်လူ၊ ကိုယ့်ကိုနားလည်ပေးနိုင်သည့်လူတစ်ယောက်ကို သူတစ်ယောက်ရှိတာနှင့်လုံလောက်သည်ဟုယူဆပြီဆို ဒါကို အချစ်ဟုသတ်မှတ်ခေါ်တွင်နိုင်ဖို့လုံလောက်ပြီ။

ဒါပေမဲ့ သေချာသည်ကတော့ ထိုလောက်ထိရိုးစင်းမှုမရှိ...

အချစ်ဆိုသည့်အရာက ရှုပ်ထွေးနက်နဲလွန်းလှသည်။ မလိုအပ်သည့်ခံစားချက်တို့ကို အမှတ်မထင် ပေးအပ်လိုက်မိသလို ဖြစ်မှာစိုးသည်ကြောင့် သူငယ်ချင်းဆက်ဆံရေးမှာတောင် သူ ချင့်ချိန်ပြီးပေါင်းဖြစ်သည်။

သူ့အနေနှင့် လူတစ်ယောက်ယောက်က သူ့အပေါ်ပေးအပ်လာတဲ့ ချစ်ခြင်းမေတ္တာတို့ကို သူဘယ်လိုဘယ်ပုံမျိုးနှင့်မဆို လိုလိုလားလား လက်သင့်ခံနိုင်မှာလဲ?

Loneliness (Completed)Where stories live. Discover now