Chapter 19

10.6K 1.4K 152
                                    


[Unicode]

ချန်တုံလန်တစ်ယောက် ရှုပ်ထွေးနေသည့်စိတ်အစဥ်တို့ကို ရှင်းလင်းအဖြေရှာနိုင်ဖို့ရာ အချိန်တော်တော်လေးယူလိုက်ရသည်

"အဲ့တာဆို ငါဘာလုပ်ရမလဲ?"

ဒီနေ့တစ်ရက်တည်းမှာတင် မျှော်လင့်ချက်အားလုံးကိုအရှုံးပေးလက်လျှော့လိုက်ရပြီး တစ်ဆက်တည်းမှာပဲ သူ့ကိုဖဲကြဉ်မသွားပါနှင့်လို့ ယွမ်ယွမ့်ကို တောင်းပန်ဖို့တောင် သူ့စိတ်သူ ပြင်ဆင်ထားခဲ့သည်။ ရုတ်တရက် ယွမ်ယွမ်က သူ့ကိုပွေ့ဖက်လို့လာပြီး "မင်းကိုကောင်းကောင်းဂရုစိုက်ပါ့မယ်"ဆိုသည့်စကားအပြောခံလိုက်ရတော့ တစ်ကိုယ်လုံး ပျော့ခွေသွားတော့သည်။

"မင်းဘာကိုဆိုလိုတာလဲ? မင်း ညစာစားချင်တယ်ဆို ငါတို့ စားသောက်ဆိုသွားကြမယ်လေ။ မင်း မစားချင်သေးဘူးဆို ငါတို့အခန်းထဲမှာပဲနေမယ်။ မဟုတ်လို့ မင်း ရှခင်းပတ်ကြည့်ချင်တယ်ဆိုလည်း ငါ့အတွက်ကအဆင်ပြေတယ်"

ချန်တုံလန် ယွမ်ယွမ့်ကို ငေးငိုင်ကြည့်နေမိပြီး သူ့ကိုယ်သူ အသုံးမကျသလိုခံစားရသည်

"ငါဘာလုပ်ချင်မှန်း ငါမသိဘူး..."

ချန်တုံလန် ခြေရောလက်ရောဘယ်နားထားလို့ထားရမည်မသိလောက်အောင် အိုးနင်းခွက်နင်း ရောထွေးနေတာတွေ့တော့ ယွမ်ယွမ် ရယ်မိတော့သည်။ အခွင့်အရေးအယူခံဖို့အဆင်သင့်ဖြစ်နေသည့်မျက်နှာနှင့် လက်နှစ်ဖက်ကို ဘေးကိုဆန့်တန်းမြှောက်လိုက်ပြီး တိုးဝှေ့ဝင်လာလို့ရအောင် ရင်ခွင်ကျယ်ကိုအသင့်ဖွင့်ထားပေးသည်

"လုပ်ချင်တာကိုစဉ်းစားလေ။ မင်းလုပ်ချင်တာဘာမဆိုလုပ်လို့ရတယ်"

သူ့အသံက ကလေးငယ်လေးတစ်ယောက်ကို ချော့မြူသည့်အသံထက်ပင် နူးညံ့ညင်သာသေးသည်။ ချန်တုံလန့်တောင်းဆိုချက်က ဘယ်လိုပဲဖြစ်နိုင်တာထက်ကျော်လွန်နေပါစေ သူ အပြုံးနှင့်အတူ လက်ခံလိုက်လျောပေးမည်။

ချန်တုံလန့်မျက်လုံးတွေက ပူကျစ်လို့နေသည်။ သူ့လက်တွေကို ယွမ်ယွမ့်ရင်ဘတ်ပေါ် ညင်ညင်သာသာ တင်ထားလိုက်သည်။ လက်တွေအပေါ် အားလုံးဝမထည့်ဘဲ ယွမ်ယွမ့်အင်္ကျီပေါ် သူ့လက်လေး တင်ထားရုံသာဖြစ်သည်။

Loneliness (Completed)Où les histoires vivent. Découvrez maintenant