Chapter 3

10.6K 1.6K 32
                                    

[ Unicode ]

သူ့ဆီ ချန်တုံလန်ဘက်က အရင် ဖုန်းခေါ်လာမယ်လို့ပဲ တထစ်ချတွေးကာ ယွမ်ယွမ်တစ်ယောက် ဖုန်းကိုပဲအာရုံရောက်နေမိသည်။

တစ်နေ့လုံး ဖုန်းcallတွေရော messageတွေရော အများကြီးဝင်လာပေမယ့် ဖုန်းသရဲတွေစနောက်ပြီးဆက်တဲ့ ဖုန်းတွေသာဖြစ်သည်။ ချန်တုံလန်ကတော့ သူ့ကို ဆက်သွယ်မလာခဲ့။

အလုပ်ဆင်းတော့ အိမ်မှာ ချန်တုံလန် ရှိနေမယ်ပဲထင်မိနေကာ သူနှင့်တွေ့ပြီးစကားပြောချင်သည်။ ထို ထင်ယောင်ထင်မှား မျှော်လင့်ချက်တည်ရှိနေမှုက အိမ်ရောက်လို့ အိမ်ထဲမှာ မီးလင်းနေတာမတွေ့ရသည် အထိပင်။

အိမ်မှာ သူ့အပြင် အခြားလူတစ်ယောက်လည်းနေပါတယ်ဆိုသည့် အရိပ်အယောင် တစ်စွန်းတစ်စိမျှတောင် မရှိတော့။ ချန်တုံလန့် ပစ္စည်းတွေက အရင်ထဲက နည်းနည်းသာရှိပြီး ဘယ်တော့မှ ဖြစ်သလိုထားတတ်လေ့မရှိ။ ပုံမှန်ဆို ချန်တုံလန်အများဆုံးဝယ်လေ့ရှိတာ စာအုပ်တွေသာဖြစ်သည်။ နောက်ပိုင်း ဟင်းစပြီးချက်ဖြစ်လာတော့ တစ်‌ယောက်စာနှစ်ယောက်စာအတွက် ချက်ဖို့ သင့်တော်မယ့် ဟင်းအိုးတွေ၊ မီးဖိုချောင်အတွက်လိုတဲ့ တိုတိုထွာထွာလေးတွေ ဝယ်ဖြစ်သည်။

အခုတော့ ထိုပစ္စည်းတွေလည်း မရှိတော့...

ဘယ်လိုပဲဖြစ်ဖြစ်၊ ထားခဲ့ပေးရင်တောင် ယွမ်ယွမ်က ထမင်းဟင်း ချက်မစားတော့ သုံးဖြစ်မှာလည်းမဟုတ်။ ချက်စားမှဖြစ်မယ်ဆိုလည်း လျှာဂျွမ်းပြန် နတ်သုဒ္ဒါအလား အရသာရှိလှတဲ့ ခေါက်ဆွဲပြုတ်လောက်ပဲ ပြုတ်သောက်ဖြစ်မည်သာ။

သူ ရယ်လိုက်ပြီး အလုပ်လုပ်ဖို့ အခန်းထဲဝင်သွားလိုက်သည်။

နောက်နှစ်ရက်နေတော့ ချန်တုံလန့်ဆီက စာဝင်လာသည် "ငါ အိမ်အသစ်မှာ ပစ္စည်းတွေ နေရာချပြီးပြီ။ ဒီကြားထဲ အလုပ်များနေလို့၊ အချိန်ရမှာ မင်းဆီလှည့်လာဦးမယ်။"

ချန်တုံလန်ဆိုသည်မှာ တစ်မူထူးနေသူဖြစ်၏။ သူ့မှာ ကွန်ပျူတာတွေ ဖုန်းတွေရှိပေမယ့် အသုံးဝင်တဲ့ functionလေးတွေကို ဘယ်တော့မှ သုံးလေ့မရှိ။

အိမ်မှာဆိုလည်း ဖုန်းဖြစ်ဖြစ် ကွန်ပျူတာဖြစ်ဖြစ် သုံးနေတာ၊ဂိမ်းဆော့နေတာမျိုးလုံးဝမတွေ့ရ။ စာအုပ်ဖတ်ရင်ဖတ် မဟုတ်ရင် ဆိုဖာမှာထိုင်ပြီး တီဗီကြည့်နေတတ်သည်။ ကြော်ငြာလာနေရင်တောင် စိတ်ဝင်တစားနှင့်ကို ထိုင်ကြည့်သည်။ နောက်ပြီး ထိုင်ရင်လည်း သူထိုင်နေကျ ပုံသေနေရာလေးမှာပဲထိုင်သည်။ အိမ်ကဆိုဖာက ဟိုးအရင် အိမ်ငှားကတည်းက ပါသည့်ဆိုဖာဖြစ်သည်။ ဆိုဖာရဲ့ သူထိုင်နေကျနေရာဆို ခွက်ပြီးကျွံပါဝင်နေတော့သည်။

Loneliness (Completed)Where stories live. Discover now