ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ညနေ၅နာရီ၊
အင်္ဂလန်နိုင်ငံရှိတက္ကသိုလ်တစ်ခုတွင်ကျောင်းတက် ဘွဲ့ယူပြီးပြန်လာသော ခွန်နန္ဒမောင်..
"သခင်လေးကိုကြိုဖို့.သခင်ကြီးလွှတ်လိုက်လို့ပါ"
"ကောင်းပြီ..ဦးကြီး..ကျွန်တော်တို့သွားကြတာပေါ့"
................"မာမားသားလေး ခွန်ပြန်လာပြီ..လာပါအုံးသားလေးမာမားဆီ"ခွန့်အမေက..လက်ကမ်းပေးတော့
"မာမားကိုသားအရမ်းလွမ်းနေခဲ့တာ..ပါပါးကလူဆိုးကြီး..မာမားနဲ့သားကိုရှစ်နှစ်ကြီးများတောင်ခွဲထားတာ" ဆိုပြီးခွန်နန္ဒမောင်တစ်ယောက်..အမေကိုပတ်ချွဲနေလေသည်
"အခုကျမှပါပါးကို...လူဆိုးကြီးတဲ့..ငယ်ငယ်တုန်းကပါပါးကိုအချစ်ဆုံးဆို "
"ဟုတ်တယ်လေ ငယ်ငယ်ကပါပါးဘယ်သွားသွား..သားကိုအမြဲတမ်းခေါ်သွားတယ်လေ..သားဆယ်တန်းအောင်မှ ပါပါးကသားကို နိုင်ငံခြားကိုပို့ခဲ့တာလေ"
"ဟုတ်ပါပြီ ပါပါးရဲ့သားအချွဲလေးရေ..အခုတော့..ရေသွားချိုးလာခဲ့ ပြီးရင်ထမင်းစားမယ်"
"ဟုတ်ကဲ့ ပါပါးနဲ့မာမား"ဟုပြောပြီးအိမ်အပေါ်ထပ်အခန်းသို့တက်လာခဲ့တယ်
(ခွန်ရဲ့အဖေမှာ Khun Group ကုမ္ပဏီရဲ့ဥက္ကဌကြီးဖြစ်ပြီးအမေမှာ ရန်ကုန်မြို့က ပုဂ္ဂလိကဆေးရုံတစ်ရုံ၏ဆေးရုံအုပ်ဖြစ်သည်)
..................."မမလေး..စုလဲ့ ကြီးကြီးက ထမင်းစားမယ်ဆင်းလာခဲ့ပါတဲ့"
"မေမေ့ကို မမ ထမင်းမစားတော့ဘူးလို့ပြောလိုက်နော် စုံစုံ"
"ဟုတ်ကဲ့မမလေး"ဆိုပြီးစုံစုံတစ်ယောက် အိမ်အောက်သို့ဆင်သွားလေသည်
"စုံစုံ နင့်မမလေးဘာပြောလဲ"
"မမလေးက ထမင်းမစားတော့ဘူးလို့ပြောခိုင်းလိုက်တယ် ကြီးကြီး"
"သမီးဘာလို့ထမင်းမစားတာလဲမသိဘူး ကိုယ်သွားမေးလိုက်မယ်"စုလဲ့အဖေလည်းစုလဲ့ရှိရာအပေါ်ထပ်သို့တက်ပြီးအခန်းတံခါးကိုခေါက်တော့
ဒေါက်ဒေါက်ဒေါက်
"သမီးရေ တံခါးဖွင့်အုံး ဖေဖေဝင်လာမလို့"
YOU ARE READING
မောင့်ရဲ့မဟေသီ
Romanceကျွန်တော့်အချစ်တွေအကုန် 'မ' တစ်ယောက်တည်းကိုပဲပေးချင်မိတယ် ခွန်နန္ဒမောင်(Transman) မောင်က မရဲ့အရာရာပါ ဒေါက်တာ စုလဲ့နှင်း