Part 10

4.7K 226 1
                                    

ဒီနေ့ ခွန် မမစုလဲ့ကို..သွားတောင်းရမ်းရမယ့်နေ့

"သားသားရေ...မပြီးသေးဘူးလား ဆင်းလာခဲ့တော့..မာမားတို့ပြီးနေပြီ...လူကြီးတွေစောင့်နေရတာ..အားနာစရာ"

"သားလာပါပြီ..မာမားကလဲ"

"အဲဒါဆိုလည်းမာမားတို့သွားကြတာပေါ့"
..............................

ဒီနေ့..စုလဲ့ကိုခွန် လာတောင်းမှာဆိုတော့..စိတ်လှုပ်ရှားနေခဲ့တယ်

"မမလေး...အကိုလေးခွန်တို့အိမ်အောက်မှာရောက်နေပြီ..မမလေးကိုဆင်းခဲ့ပါတဲ့" စုံစုံလာပြောတော့..စုံစုံနောက်ကနေအိမ်အောက်ကိုလိုက်ဆင်းလာခဲ့တယ်

အိမ်အောက်ရောက်တော့..ကိုယ့်ရဲ့အနှီလူသားက..ကိုယ့်ကိုပြုံးပြနေတယ်

"သမီး..လာ..ထိုင် "

"ဟုတ်ကဲ့" လူကြီးတွေကိုနှုတ်ဆက်ပြီးထိုင်လိုက်တယ်

"ခွန်လေးနဲ့သမီးက..ဘယ်တော့လောက်လက်ထပ်ချင်လဲ..မေမေတို့..လက်ထပ်မယ့်ရက်တစ်ခါတည်းရွေးရအောင်လို့"

"သမီးကတော့..ခွန်ရဲ့သဘောပါ"

"ခွန်ကတော့..နောက်တစ်လခွဲလောက်မှလက်ထပ်ချင်ပါတယ်..အလုပ်ကိစ္စလေးတွေအတွက်..နယ်ဘက်ကိုခရီးထွက်ရမှာမို့လို့"

"အဲဒါဆို..အခုကနိုဝင်ဘာလ ၃၀ရက်နေ့ ဆိုတော့..ဇန်နဝါရီလ၂၀ရက်နေ့ကို..လက်ထပ်ပွဲလုပ်လိုက်ကြတာပေါ့" လို့..ခွန့်ပါပါးက..သတ်မှတ်ပေးလိုက်တယ်

"ဒီကလူကြီးတွေကိုတစ်ခုလောက်ပြောချင်လို့ပါ"

"ဘာများလဲခွန်လေး..ပြောလေ"

"လက်ထပ်ပွဲကိုအကြီးအကျယ်မလုပ်ပဲ...ရှေ့နေကြီးနဲ့အသိသက်သေတွေရှေ့မှာလက်မှတ်ထိုးပြီး...မင်္ဂလာဆွမ်းလေးပဲကပ်ချင်ပါတယ်...မင်္ဂလာပွဲအတွက်ကုန်ကျမယ့်စားရိတ်ကို မိဘမဲ့ဂေဟါနဲ့ဘိုးဘွားရိပ်သာတွေမှာ..သွားလှူဖို့..ကျွန်တော်နဲ့မမစုလဲ့တိုင်ပင်ထားပါတယ်"

ကိုယ့်ကိုလည်းဘာမှမပြော..သူ့သဘောအတိုင်းပဲပြောပြီး..ကိုယ်နဲ့တိုင်ပင်ထားပါတယ်တဲ့..မောင်ဟာလေ..သူပြောချင်ရာပြောပြီး.လုပ်တတ်တဲ့အကျင့်

မောင့်ရဲ့မဟေသီWhere stories live. Discover now