Part 13

4.5K 217 1
                                    

စုလဲ့လည်းခွန့်ရင်ခွင်ထဲဝင်ပြီး..အိပ်ပျော်သွားတာ..ဘယ်လောက်ကြာမှန်းမသိဘူး..အခန်းတံခါးခေါက်သံကြားလို့..တံခါးသွားဖွင့်ပေးတော့

"ကိုကို..ဘယ်လိုဖြစ်တာလဲ...ညီမလေးမှာဒီအစ်ကိုတစ်ယောက်ပဲရှိတာ..သေလို့မဖြစ်သေးဘူးနော်"

"အမယ်လေး..ငါမသေပါဘူးဟယ်..မိန်းမတောင်မရသေးဘူး..လာငိုမနေနဲ့"

"ကိုကိုကလည်း..ညီမလေးမှာ..ဒီအစ်ကိုပဲရှိတာ..ဖေဖေ မေမေနဲ့တီလေးတို့လည်းပါတယ်..ကိုကို့မေမေနဲ့စကားသွားပြောနေကြတယ်"

"လေးလေးနဲ့တီလေး..ကလည်းဒီတူလေးတစ်ယောက်ပဲရှိတဲ့ဟာ..သူတို့မရီးနဲ့ယောက်မဆီအရင်သွားရတယ်လို့..လာရင်ရန်တွေ့ပစ်မယ်" နှုတ်ခမ်းဆူပြီးသူ့ဦးလေးနဲ့အဒေါ်ကိုစိတ်ကောက်နေတယ်

"ငါတို့အတင်း..ဘာတွေပြောနေတာလဲခွန်နန္ဒမောင် ငါတို့ကြားတယ်နော်"

"ဟီး😁 တီလေးနဲ့လေးလေး....ဆေးရုံကိုလူနာသတင်းမေးလာတာ..လက်ဗလာနဲ့လာတာတော့..မဟုတ်ဘူးမှတ်လား"

"ဟုတ်တယ်..ရော့...Parisianက နင်ကြိုက်တဲ့မုန့်...မိန်းမဖြင့်ရတော့မယ်..အခုထက်ထိ..ကလေးဆန်တုန်း"
တီလေးရဲ့ဓာတ်ပြားဟောင်းကြီးကိုနားထောင်ပြီး..နားတွေပူနေပြီ

"တီလေးတို့ကို..မိတ်ဆက်ပေးစရာရှိတယ်...ဒါက..ခွန့်ရဲ့ဇနီးလောင်း"
"သမီးလေးက..ခွန်လေးနဲ့လိုက်ဖက်တယ်..တစ်သက်လုံးချစ်ချစ်ခင်ခင်နေသွားကြနော်" တီလေးနဲ့လေးလေးတို့လင်မယားကပြောတော့

"ဟုတ်ကဲ့ပါ..တွေ့ရသာဝမ်းသာပါတယ်"

"မ ဒါက ဖေဖေ့ဘက်က..ဦးလေး လင်မယား..ဒီဘက်က.တီလေးကဖေဖေ့ညီမ..ဟိုဘက်ကချီးထုပ်ကမိတ်ဆက်ပေးစရာမလိုတော့ဘူး ထင်တယ်.မ.သိပြီးသားပဲ"

"ဟုတ်ကဲ့..ခွန်နဲ့စကားပြောကြပါအုံး..သမီးအောက်ထပ်ကိုခဏဆင်းမလို့..သွားခွင့်ပြုပာအုံး"

မောင့်ရဲ့အဖေဘက်ကဦးလေးတွေအဒေါ်တွေ မောင့်ဆီကို သတင်းလာမေးကြပေမယ့် မောင့်အမေရဲ့အကို မောင့်ရဲ့ဘကြီးကတော့ရောက်မလာခဲ့ဘူး

..........................

ဒီနေ့ခွန်နဲ့စုလဲ့တို့လက်ထပ်တဲ့နေ့..မင်္ဂလာဆွမ်းကပ်ဖို့ဘုန်းကြီးကျောင်းကိုရောက်တော့...

မောင့်ရဲ့မဟေသီWhere stories live. Discover now